Jennie ရဲ့ အကြီးဆုံး fan base ကြီးတစ်ခုဆိုရင် လတ်တလော jennie ဖြစ်နေတဲ့အခြေအနေတေါနဲ့ပတ်သတ်ပြီး ပြောလာခဲ့ပါပြီ။ မကြာသေးမီကမှ Jennie နဲ့ V နဲ့ဒိတ်လုပ်နေပါတယ်ဆိုပြီး အွန်လိုင်းပေါ်ကို ပုံတွေအမျောက်အမြား တက်လာခဲ့ပါတယ်။ ပုံတွေတက်လာပြီးတဲ့နောက် Jennie နဲ့ V အပေါ်ကိုလူတွေရဲ့စိတ်ဝင်စားမှု မြင့်တက်လာကာ သူတို့နှစ်ဦးသားရဲ့ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ချင်လာကြတယ်ဆိုပြီး ထုတ်ပြန်ချက်ရဲ့အစမှာ ဖော်ပြထားပါတယ်။

Jennie ရဲ့ အေဂျင်စီဖြစ်တဲ့ YG နဲ့ V ရဲ့ Big hit တို့ဟာအခုသတင်းတွေ မှန်၊မမှန် ဖြေရှင်းပေးတာမျိုးမရှိတာကြောင့် အခုလိုစာထုတ်ပြန်တောင်းဆိုရတာဖြစ်ကြောင်း သိရပါတယ်။ တောင်းဆိုတဲ့အဖွဲ့တွေထဲမှာဆိုရင် ဂျင်းနီရဲ့အကြီးဆုံး fandom တွေပါဝင်ပြီး “Jennie Global Fan Union” ဆိုတဲ့နာမည်နဲ့ စက်တင်ဘာ ၂၃ ရက်ကထုတ်ပြန်လာတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာဆိုရင် “ပြီးခဲ့တဲ့လတွေက ဖြစ်ပျက်လာတဲ့ကိစ္စတွေဟာ အဆိုးဆုံးအခြေအနေကိုရောက်လာပီဲးတဲ့နောက် YG ကတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် fans တွေလိုချင်တဲ့အခြေအနေကိုမရခဲ့ပါဘူး။ YG အနေနဲ့အခုဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ လူတွေကိုအနှောက်အယှက်ဖြစ်စေတဲ့ သတင်းအမှားတွေဖြစ်တဲ့အလျောက် ဥပဒေအတိုင်းအရေးယူပေးဖို့ တောင်းဆိုပါတယ်။

သတင်းအမှားတွေပျံ့တာကို ချက်ချင်းရပ်တန့်လို့မရတဲ့ အခြေအနေဖြစ်တဲ့အတွက် YG တာဝန်ရှိသူတွေအနေနဲ့ အနုပညာရှင်ကိုကာကွယ်တဲ့အနေနဲ့ အခြေအနေအမှန်ကိုဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

BlackPink အဖွဲ့ဟာလက်ရှိမှာ သူတို့ရဲ့အယ်လ်ဘမ်အသစ် Born Pink အတွက်ပရိုမိုးရှင်းတွေနဲ့ ရှိုးပွဲတွေ ကမ္ဘာလှည့်ဖျော်ဖျေတာတွေအတွက် ပြင်ဆင်နေချိန် အခုလိုသတင်းတွေထွက်လာတာဖြစ်ပြီး YG အနေနဲ့ သူတို့ရဲ့အနုပညာရှင်တွေအတွက် မကာကွယ်ပေးတဲ့အတွက် အခုလိုစာထုတ်ပြန်တောင်းဆိုလာတာ ဖြစ်ပါတယ်။
Photos-credit
Source: KBIZoom