Instagram မှာ Follower 11.2M ထိ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ထိုင်းမင်းသမီးချောလေး Baifern

//s9.kh1.co/de/decf4b18845a884b4c4b239a3d3672c3916d4376.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

ကောင်မလေးရဲ့ အောင်မြင်မှုတွေကတော့ တဟုန်းထိုးပဲ ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Baifern ကတော့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးနဲ့ ရုပ်ရည်လေးက ချောမောလှပတဲ့အပြင် စမတ်ကျလွန်းတာကြောင့် ကောင်လေးတွေရော ကောင်မလေးတွေရဲ့ အသည်းစွဲလေး ဖြစ်လို့နေပါတော့တယ်။ သရုပ်ဆောင်ချက်တွေကလည်း ပီပြင်လွန်းတဲ့အပြင် သူရိုက်တဲ့ ရုပ်ရှင်ကားတိုင်းကလည်း အောင်မြင်နေတာဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

2010 တုန်းက ရိုက်ကူးခဲ့တဲ့ Crazy Little Things called loved ဒရမ်မာကားကနေ စတင်ပြီး မြန်မာပရိသတ်တွေနဲ့ ရင်းနှီးလာခဲ့တာဖြစ်ပါတယ်။ Baifern လေးက အာရှနိုင်ငံတွေမှာသာမက နိုင်ငံအနှံအပြားမှာပါ အောင်မြင်မှုတွေရရှိနေသူလေးလည်း ဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်နဲ့မလိုက်အောင်ကို ဆုတွေလည်း များစွာကို ဆွတ်ခူးထား နိုင်သူလေးလည်း ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

အခုဆိုရင် ကောင်မလေးရဲ့ Instagram မှာ follower 11.2 M အထိကို ရရှိနေပြီး အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုတွေကို ပရိသတ်တွေကလည်း ဝမ်းသာကြည်နူးနေကြပြီး နောက်ထပ်လည်း‌အောင်မြင်မှုတွေ ဒီထပ်မက ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Bafiernbah's IG Acc 
Photo Credit : Bafiernbah's IG Acc 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T