၈ နှစ်ကြာ စုံတွဲလေးတစ်တွဲ ဖြစ်တဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ ချိန်းတွေ့နေကြတဲ့ Video ဖိုင်အသစ်တစ်ခုက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ဂျပန်အင်တာနက်သုံးစွဲသူတစ်ဦးက မင်းသား Kim Woo Bin နဲ့ မင်းသမီး Shin Min Ah တို့ လမ်းပေါ်မှာ အတူလမ်းလျှောက်နေတာကို Video ရိုက်ပြီး SNS ပလက်ဖောင်း Twitter မှာ တင်ခဲ့ပါတယ်။
キムウビンって中身を知れば本当に優しい人だと思うし、包容力凄いしめちゃくちゃ子どもに優しいし、ずっと一途にシンミナちゃんと付き合ってて本当にいい彼氏なんだろうけどやっぱり怖いwwwww初見はやっぱり怖いよwwwww#キムウビン #kimwoobin #김우빈
— Lemon? (@kdrama_lemon) September 19, 2022
pic.twitter.com/DPMYphVUy8
ဗီဒီယိုထဲမှာ Shin Min Ah က Kim Woo Bin ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် နဲ့ ကိုင်ထားတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဗီဒီယိုကို တင်ခဲ့တဲ့ အင်တာနက်သုံးစွဲသူကလည်း “Kim Woo Bin က တကယ်ကို ကြင်နာပုံရပါတယ်။ Shin Min Ah ကလည်း သူ့ကောင်လေးကို လက်က မလွှတ်နိုင်အောင်ကို အရမ်းကို ချစ်ခင်ရင်းနှီးနေလိုက်ကြတာ..” ဆိုပြီး Caption လေးနဲ့ တင်ခဲ့ပါတယ်။

မကြာသေးမီက တရုတ်ဆိုရှယ်မီဒီယာ Weibo မှာလည်း Shin Min Ah နဲ့ Kim Woo Bin တို့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒိတ်လုပ်နေကြတဲ့ ဓာတ်ပုံအချို့ကိုတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကိုလည်း ခံခဲ့ရပါတယ်။

Shin Min Ah နဲ့ Kim Woo Bin တို့ဟာ 2015 ခုနှစ်ကတည်းက သူတို့ရဲ့ အချစ်ရေးကို စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် 8 နှစ်ကြာအောင် တွဲခဲ့ကြတာပါ။


Source : KBIZoom