လူ့လောကထဲကို မရောက်ခင်ကတည်းက ပရိသတ်တွေရဲ့အချစ်ကို ရရှိနေပြီဖြစ်တဲ့ ကလေးလေး

//s9.kh1.co/d8/d85d3dbab1a615f98a7f7651ed9d75136b877f24.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၈ လ က

လူ့လောကထဲကို မရောက်ခင်ကတည်းက ပရိသတ်တွေရဲ့အချစ်ကို ရရှိနေတဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ကလေးလေး

Crash Landing On You ဇာတ်ကားမှာကတည်းက အရမ်းကို လိုက်ဖက်ပြီး တွဲချက်ညီတဲ့ ပရိသတ်ချစ်ရတဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ အတွဲလေးကတော့ အပြင်လက်တွေ့ဘဝမှာလည်း  လက်ထပ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/13/135746a31c92c9f76cf1477429744e4828178866.jpg

BinJin တို့စုံတွဲလေးကတော့ စိတ်ကူး ယဉ်ဆန်ဆန် လက်ထပ်ပွဲလေးကို ကျင်းပခဲ့ကြပြီး မကြာသေးခင်ကမှ မိဘတွေဖြစ်လာတော့မယ့် အကြောင်းကို ပရိတ်သတ်တွေကို အသိပေးခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ae/aedf394121c775af99a8e6c9436a0c6dddea4e75.png

Hyun Bin နဲ့ Son Ye Jin တို့ရဲ့ကလေးလေးဟာ ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်စပိုင်းလောက်မှာမှ မွေးဖွားလာမယ်လို့ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/79/79aa38b843791bc693f7a77037e8be0f1ca29a50.png

ပရိသတ်တွေကလည်း BinJin အတွဲလေးကို ချစ်လို့သလို မကြာခင်မှာရောက်လာတော့မယ့် ကလေးလေးကို ဖေဖေနဲ့ မေမေတို့ရဲ့ ပရိသတ်တွေက အချစ်ပိုနေကြပြီး မမွေးခင်ကတည်းက လက်ဆောင်တွေ၊ ပန်းစည်းတွေပေးပို့ပြီး ကြိုဆိုနေကြပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=420,q=100/0d/0d1d7abd7a3239998056f0e2af885273babd5743.png

ကိုရီးယားနိုင်ငံကသာမက နိုင်ငံတစ်ဝှမ်းက ပရိသတ်တွေကလည်း သူတို့နှစ်ယောက်အတွက် လက်ဆောင်မျိုးစုံတွေကို ပို့ပေးနေကြတာဖြစ်ပြီး Hyun Bin နဲ့ Son Ye Jin တို့ရဲ့ အေဂျင်စီတွေမှာ လက်ဆောင်တွေနဲ့ ပြည့်နှက်နေတာက ဒီကလေးလေးကို ပရိတ်သတ်တွေ က ဘယ်လောက်ချစ်ပြီး ဘယ်‌လောက် ကြိုဆိုနေကြလဲဆိုတာ သက်သေပါပဲနော် ..

https://s9.kh1.co/__image/w=650,h=650,q=100/98/9846319e0173f8499d0c3760d33f745e7c6379d2.png
https://s9.kh1.co/__image/w=650,h=650,q=100/54/54b6136c0a7595ca36320415314a62e5b944f3ef.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

Copyright Mediaload