လူကြိုက်များပြီး ကြည့်ရှုသူများခဲ့တဲ့ Big Mouth ဟာပြီးသွားပြီဆိုပေမယ့် ပရိသတ်တွေကတော့လွမ်းဆွတ်သတိရနေဆဲဖြစ်ပါတယ်။ ပြီးတော့လည်းလည်းနောက်ဆုံးဇာတ်သိမ်းပိုင်း ဟာပရိသတ်တွေကိုတော်တော်လေး မကျေမချမ်းဖြစ်စေပါတယ်။ ဒါ့ကြောင့်ပရိသတ်တွေက သူတို့ဖာသာသူတို့ happy ending လေးတစ်ခုကိုသူတို့ဖာသာသူတို့ စဥ်းစားလိုက်ပါတယ်။

မကြာခင်ကပဲ MBC ကအရင်ကမထွက်ဖူးသေးတဲ့ Min Ho(Yoona) နဲ့ Chang Ho(Lee Jong Suk) တို့ရဲ့မင်္ဂလာဆောင်ပုံတွေကို ထုတ်ပြန်ပေးလိုက်ပြီး ပရိသတ်တွေကြားအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ အချို့တွေဆို သူတို့နှစ်ဦးသားပျော်နေတဲ့ပုံတွေကို ကြည့်ပြီး Season 2 ကိုတောင်လိုချင်နေကြပါတယ်။


ဒါပေမယ့်အချို့ကတော့ ကိုယ်ဖာသာပဲ Lee Jong Suk ရဲ့ ငယ်ငယ်ကပုံလေးကို Yoona နဲ့ရိုက်ထားတဲ့ မင်္ဂလာဆောင်ပုံကြားတွဲထည့်ပေးပြီး သူတို့နှစ်ယောက်ရဲ့ ဖအေတူသားဦးလေးဆိုပြီး အွန်လိုင်းပေါ်မှာတော်တော်များများရဲ့ အာရုံစိုက်တာကိုခံနေရပါတယ်။ တဆက်တည်းမှာပဲ Miho လေးကိုပြန်ခေါ်လာဖို့ဆိုတဲ့ သူတို့ရဲ့ဆန္ဒတွေကိုဖော်ထုတ်နေကြပါတယ်။

Big Mouth ရဲ့နောက်ဆုံးပိုင်းထုတ်လွှင့်အပြီးမှာဆိုရင် ကြည့်ရှူသူတစ်ဟုန်ထိုးတက်လာခဲ့ကာ ကြည့်ရှုသူတွေအားလုံးကိုလည်း မျက်လုံးပြူးစေခဲ့ပါတယ်။ အဲ့ဒီအပိုင်းမှာ မင်ဟိုလေးသေသွားခဲ့တာကို ပရိသတ်တွေက အဓိကမကျေမနပ်ဖြစ်ခဲ့ပါတယ်။ ထုတ်လုပ်ရေးဘက်ကတော့ Season 2 ထွက်၊ မထွက်ပြောဖို့အရမ်းစောသေးတယ်လိုတော့ ပြောထားပါတယ်။
Photos-credit
Source: KBIZoom