ပရိသတ်တွေ့ဆုံပွဲပြုလုပ်ပြီး ကိုယ်ဝန်နဲ့ပထမဦးဆုံးပုံရိပ်လေးချပြလိုက်တဲ့ Son Ye Jin

//s9.kh1.co/db/db59f20fa901d317e1bbbffebd7c97387d5b66cc.jpeg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ပရိသတ်တွေ့ဆုံပွဲပြုလုပ်ပြီး ကိုယ်ဝန်နဲ့ပထမဦးဆုံးပုံရိပ်လေးချပြလိုက်တဲ့ Son Ye Jin

တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် ကိုယ်ဝန်ရှိနေစဉ် သူမရဲ့ ပထမဦးဆုံး ပုံရိပ်လေးကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ Son Ye Jin က ပရိသတ်တွေ့စုံပွဲကို တောင်ကိုရီးယား အွန်လိုင်း Forum ဖြစ်တဲ့ theqoo ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

Google
Google

ပရိသတ်တွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Nutriville အမှတ်တံဆိပ်ကနေ တာဝန်ယူ ပြုလုပ်ခဲ့တာဖြစ်ပြီး Son Ye Jin က အွန်လိုင်းကနေတဆင့် ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google
Google
Google
Google

ပရိသတ်တွေ့ဆုံပွဲမှာ Son Ye Jin က ရင်သွေးလေးကို လွယ်ထားပြီး ဆံပင်လေးကိုလည်း ညှပ်ထားပါတယ်။ပရိသတ်တွေနဲ့ တွေ့ဆုံနေစဉ်မှာ Son Ye Jin  က ရယ်မောပြုံးရွှင်နေပြီး လက်ကလေး ဝှေ့ကာ ပရိသတ်တွေကိုနှုတ်ဆက်နေပါတယ်။ 

Google
Google

မင်္ဂလာပါလို့ ပြောလိုက်တဲ့အချိန်မှာလည်းမမ Son Ye Jin က ပြုံးပျော်ရွှင်ပြီး မင်္ဂလာပါလို့ ပြန်ပြောပါတယ်။ ဗိုက်ကလေးကိုတော့ Son Ye Jin က မသိမသာလေး ပန်းလေးတွေနဲ့ ဖုံးထားပါတယ်။ 

ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတဲ့သူတွေက ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေတဆင့် ပြန်လည်ဝေမျှခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Son Ye Jin  နဲ့ သူမရဲ့ ချစ်သူ မင်းသား Hyun Bin တို့က ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့ကြပြီး ပထမဦးဆုံး ရင်သွေးလေးကို အခု နှစ်အတွင်း မွေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T