သက်‌သေနဲ့တကွ Dating News တွေထွက်ခဲ့ကြတဲ့ K-pop idol တွေ..

//s9.kh1.co/63/631616383dd3c4774f7d81b51493774cc8c40702.jpg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

သူတို့ရဲ့ပတ်ဝန်းကျင်မှာ မျက်စိဒေါက်ထောက် ကြည့်နေတဲ့ သတင်းထောက်တွေနဲ့ ပါပါရာဇီတွေ..

ကိုရီးယားအနုပညာလောကမှာ မင်းသား,မင်းသမီးတွေ Kpop idol တွေဟာ သူတို့ရဲ့ နေ့စဉ်လူမှုဘဝတွေမှာ လွတ်လပ်စွာနေထိုင်ခွင့်မရှိကြပါဘူး။ ဒါဟာသူတို့ရဲ့ပတ်ဝန်းကျင်မှာ သူတို့ကိုအမြဲ မျက်စိဒေါက်ထောက် ကြည့်နေတဲ့ သတင်းထောက်တွေ၊ ပရိသတ်တွေနဲ့ ပါပါရာဇီတွေကြောင့်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/1b/1b2d36623b3b53993e137ced19aa92cf50ed679f.png

ဒါပေမယ့် တခါတလေ လွတ်လွတ်လပ်လပ်နေထိုင်မိတာဖြစ်ဖြစ်၊ လုပ်ကြံပြီးသတင်းမှားလွှင့်ခံရတဲ့အခါဖြစ်ဖြစ် ဒိတ်လုပ်တဲ့သတင်းတွေထွက်လာလေ့ရှိပါတယ်။ အဲ့ဒီထဲက တချို့သတင်းတွေကတော့ တိကျတဲ့ရင်းမြစ်တွေကနေလာတတ်ပြီး မှန်ကန်နေလေ့ရှိကြကာ အချို့ကတော့နည်းပညာသုံးတဲ့ သတင်းမှားသက်သက်သာဖြစ်နေလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=602,h=326,q=100/44/4417ff6aa51caf4428e48c4831da4d15a6a146a9.png

အခုဖော်ပြပေးချင်တာကတော့ Kpop လောကမှာအရှုပ်ထွေးဆုံး၊ သက်သေအခိုင်လုံဆုံးနဲ့ နာမည်အကြီးဆုံး ဒိတ်လုပ်တဲ့ သတင်းတွေဖြစ်ပါတယ်။

၁။ Taeyeon and Baekhyun

https://s9.kh1.co/__image/w=650,h=342,q=100/86/8673f93609d353d3d07983018919307c521c4e9d.png

2014 ခုနှစ် ဇွန်လတုန်းက EXO အဖွဲ့ဝင် Baekyun နဲ့ Girls' Generation အဖွဲ့ဝင် Taeyeon တို့ဟာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကိုရီးယားသတင်းဝက်ဘ်ဆိုက်တစ်ခုမှာတော့သူတို့နှစ်ဦးဟာ လျှို့ဝှက်စွာနဲ့ လအတော်ကြာအောင် ချိန်းတွေ့ခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c2/c2bbf6cf8385aa9c66612ca83c58cb1761ef209b.jpg

ပို့စ်တင်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဒိတ်လုပ်နေကြောင်းအတည်ပြုခဲ့ပြီး ပထမဆုံး SM Entertainment ရဲ့စုံတွဲဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသတင်းဟာ လူတိုင်းအတွက် အံ့အားသင့်စရာဖြစ်လာခဲ့ပြီး ပရိတ်သတ်တော်တော်များများက သူတို့စုံတွဲကို ချီးကျူးဂုဏ်ပြုကြပေမယ့် တခြားသူတွေကတော့ ဒီသတင်းကြောင့် စိတ်မကောင်းဖြစ်ပြီး ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေကို လျစ်လျူရှုတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=507,h=680,q=100/a9/a9f0dde4ad1153f72183297989e9abe87c3333ee.jpg

သူတို့နှစ်ဦးဟာ 2015 ခုနှစ်မှာ လမ်းမခွဲမှီ 1 နှစ်နှင့် 4 လကြာ တွဲခဲ့ကြပြီး လမ်းခွဲခဲ့ပြီးနောက် အကြိမ်ပေါင်းများစွာ ပြန်တွဲလာခဲ့ကြောင်း ရင်းနှီးသော သူငယ်ချင်းများဆီက သတင်းပေးပို့ချက်အရသိရပါတယ်။

၂။  Krystal and Kai

https://s9.kh1.co/__image/w=650,h=434,q=100/fb/fbe2397f187e78ec35e64f34fb50bd908fd77d7a.png

EXO အဖွဲ့ဝင် Kai နဲ့ f(x) ရဲ့ Krystal တို့ တွဲနေတယ်ဆိုတဲ့ သတင်းကို Dispatch က 2016 ခုနှစ်မှာ ထုတ်ဖော်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ trainee လက်ထက်ကတည်းက ရင်းနှီးလာတဲ့အတွက် 2016 ခုနှစ်မှာ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=651,q=100/da/da2073d6e01cf1c48622a6d58b10b89ba4ed4ae8.png

ချိန်းတွေ့တဲ့ထွက်လာပြီး သိပ်မကြာခင်မှာပဲ SM Entertainment က ဒီသတင်းကိုအတည်ပြုတဲ့ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=673,q=100/15/15fb53f5fa64e0ee18c7c38c26cdff121b56381f.png

ကံကောင်းထောက်မစွာနဲ့ နှစ်ဦးဖက်စလုံးက ပရိသတ်တွေက အားပေးခဲ့ကြပြီး သူတို့စုံတွဲကိုခေါ်ဖို့ "Kaistal" လို့ နာမည်ပြောင်နဲ့တောင် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ၁ နှစ်နဲ့ ၁ လအကြာ 2017 ခုနှစ် မေလ 31 ရက်နေ့မှာတော့ တရားဝင်လမ်းခွဲခဲ့ကြပါတယ်။

၃။  IU and Jang Kiha

https://s9.kh1.co/__image/w=650,h=367,q=100/b5/b51ba2074223798dd462f1d635d07995a69f94bd.png

သတင်းမထွက်မီက IU ဟာ ယခင်က အခုလိုချိန်းတွေ့မှုအရှုပ်တော်ပုံမျိုး တစ်ခါမှ မကြုံဖူးတာကြောင့် IU နဲ့ Jung Kiha တွေ့ဆုံတဲ့ပုံတွေတက်လာချိန်မှာ လူတိုင်း အံ့အားသင့်ခဲ့ကြရပါတယ်။

https://s9.kh1.co/__image/w=602,h=681,q=100/01/01fcbc36ec2dc284bcf4b74f1e170c5cf8881f20.png

IU က Jung Kiha နဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလာချိန်မှာတော့ ပရိသတ်တွေက သူတို့စုံတွဲကို အရမ်းအားပေးခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၃ နှစ်ကျော် တွဲခဲ့ကြပြီး နောက်ဆုံးမှာတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ လမ်းခွဲခဲ့ကြပါတယ်လို့သိရပါတယ်.

၄။  V and  Jennie

https://s9.kh1.co/__image/w=650,h=650,q=100/24/24a128bf2c3011dbd3e62bac564fb12c7a209214.png

မကြာသေးတဲ့အချိန်တွေကမှ ထွက်ရှိခဲ့တဲ့ နာမည်ကြီးကောလဟာလတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Kpop အဖွဲ့နှစ်ခုအဖွဲ့ဝင်တွေဖြစ်ကြတဲ့ V နဲ့ Jennie တို့ရဲ့ကားပေါ်မှာထိုင်နေတဲ့ ဓာတ်ပုံတစ်ပုံကလူမှုကွန်ယက်တွေကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး သူတို့နှစ်ယောက် ဒိတ်လုပ်နေတယ်ဆိုတဲ့ ယုံကြည်မှုတွေကိုတိုးလာစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1142,q=100/ff/ffabec39bd5b952b156356f7bd18ab44305d0f73.webp

ဂျယ်ဂျူးကျွန်းပေါ်မှာရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ယူဆရတဲ့ ကားပေါ်မှာသူတို့နှစ်ယောက်ထိုင်နေတဲ့ပုံကို အမာခံပရိသတ်တွေကတော့ ဖြတ်ညှပ်ကပ်ပုံလိုပြောကြပေမယ့်လည်း ယုံကြည်နေတဲ့သူတေါကလည်းအများကြီးရှိနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=655,q=100/17/17269ddbe0061375897259e21d49e3be42b51030.jpg

ဒါပေမယ့် ထူးတန်းတာကတော့ YG ရော BigHitဘက်ကရော ဘာမှတုံပြန်ဖြေရှင်းတာတွေမလုပ်ခဲ့ပဲ သတင်းတွေဆက်ပြီးပျံ့စေခဲ့ပါတယ်။ ဒါကြောင့်သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကတော့ အခုချိန်ထိသတိထားစောင့်ကြည့်ခံနေရတဲ့ အရာတစ်ခုဖြစ်နေပါတယ်။

ဒါတွေကတော့ နာမည်ကြီးသတင်းတွေဖြစ်ပြီး နောက်ထပ်ဘယ်လို သတင်းတွေတက်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Photos-credit

Source: Koreaboo and websites

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T