သွေးလှူတာကစပြီး ကြေညာထည့်တာအဆုံး ကမ္ဘာတလွှားက Jungkookမွေးနေ့အကြိုဂုဏ်ပြုနေကြပုံတွေ…

//s9.kh1.co/10/1051cb090b5e95fc4ab675d398fb2a942f827a0e.jpg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

နာမည်ကြီး New York က Times Square မှာရှိတဲ့ အီလက်ထရွန်းနစ်ဖန်သားပြင်ပေါ်မှာ..

စက်တင်ဘာလ ၁ ရက်‌နေ့မှာကျရောက်တော့မယ့် BTS Jungkook ရဲ့ မွေးနေ့မှာ ပရိသတ်တွေက သူတိုရဲ့ အားပေးမှုကိုပြသဖို့ အထူးပရောဂျက်တွေ လုပ်နေကြပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/b4/b4b2160d2021fcb4f8959b832b7b8321073e2b74.jpg

Jungkook ရဲ့ fan account “AlwaysJK” ဟာနာမည်ကြီး New York က Times Square မှာရှိတဲ့ အီလက်ထရွန်းနစ်ဖန်သားပြင်ပေါ်မှာ ကြော်ငြာများပြသပြီး သူ့ရဲ့မွေးနေ့ကို ဂုဏ်ပြုမယ့် ပရောဂျက်တစ်ခုကိုလုပ်သွားမယ်လိုသိရပါတယ်။ 

https://s9.kh1.co/__image/w=564,h=1003,q=100/6c/6c491bc365a65fd8d30afd7e8889bb679fd9ce5e.jpg

'AlwaysJK' ဟာ Jungkook ရဲ့မွေးနေ့ကြော်ငြာကို Times Square ကြော်ငြာဘုတ်ပေါ်မှာ သြဂုတ် 29 ရက်နေ့ကနေ တစ်ပတ်ကြာ‌အောင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အဆိုပါဗီဒီယိုမှာ 'HAPPY BIRTHDAY JUNGKOOK', 'I Will ALWAYS BY YOUR Side' စတဲ့စာသားများ ပါဝင်မယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=1002,q=100/90/9011017e7832504e447abd845ff7ede4d4e9c147.jpg

Jungkook ရဲ့ Filipino fan base 'Jungkook Philippines' ကလည်း ဩဂုတ် ၉ ရက်မှ မေလ ၃၁ ရက်နေ့အထိ ၈ ရက်ကြာ လမ်းဘေးတိရစ္ဆာန်‌‌လေးများကို ကူညီပေးနေတဲ့ 'Strays Worth Saving' ကို လှူဒါန်းမှုလုပ်ပြီး မွေးနေ့ပွဲကို ပံ့ပိုးပေးမယ်လို့ပြောထားပြီး Jungkook ကလည်း 'Gureum' လို့ခေါ်တဲ့ ဒိုဘာမင်ခွေးကလေး တစ်ကောင်ကို မွေးမြူနေတဲ့အချိန်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=1008,q=100/e5/e51f02d4f600667b4ac2a976e7665292b1572658.jpg

ပြီးတော့လည်း 13 ရက်နေ့က ဖိလစ်ပိုင်ကြက်ခြေနီအသင်းဟာ Jungkook ရဲ့fan group တစ်ခုဖြစ်တဲ့BFM Cookiebunnis နဲ့အတူ PRC သွေးဌာနမှာ Jeon Jung-kook ဆိုတဲ့နာမည်နဲ့ "သွေးလှူဒါန်းခြင်းကမ်ပိန်း" တစ်ခုကိုလုပ်ခဲ့ပါတယ်ဆိုပြီး ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1195,q=100/e0/e08fb1723b76262411e5d5ec1c4aafbbb7880e71.png

  Jungkook ရဲ့ပရိသတ်များကလည်း သွေးလှူရှင်များအတွက် နေ့လယ်စာ၊ အချိုရည်များနှင့် ချောကလက်အရက်များကို ပြင်ဆင်ပေးခြင်းဖြင့် ဖိလစ်ပိုင်ကြက်ခြေနီအသင်းကို  နွေးထွေးမှုပေးခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=1025,q=100/9b/9be658487c4b177659bf6f9a60a55102c7f953c3.png

တရုတ်ပရိသတ်အဖွဲ “Jungkook China” ကလည်း နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ရထားများပေါ်ရှိ LED မျက်နှာပြင်ပေါင်း 16,508 ခုပေါ်မှာ Jungkook ရဲ့ မွေးနေ့ကြော်ငြာကို ပြသပြီးမွေးနေ့ကို အားပေးသွားမယ်လို့သိရပါတယ်။ ကဲမြန်မာပြည်က Jungkook fan ကြီးတို့ရောမွေးနေ့မှာ ဘယ်လိုမျိုးအလှူတွေလုပ်ဖို စဉ်းစားထားကြပါသလဲ။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T