ခရုတွေနဲ့ပတ်သက်လို့ သိသင့်သိထိုက်သော အချက်များ

//s9.kh1.co/31/319818b1ab85412897e1b702b6be8c1c55e011b2.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ခရုတွေဟာ တစ်ခါမှေးရင် နှစ်ပေါင်းများစွာတောင် ကြာပါတယ်တဲ့......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ခရုတွေဟာ ကျောရိုးမဲ့တိရစ္ဆာန်တွေဖြစ်ကြပါတယ်။ သူတို့တွေဟာ ကြွက်သား (ခြေထောက်) တစ်ခုတည်းနဲ့သာ ရွှေ့လျားပြီး သူတို့ရဲ့အိမ် (ကျော်ပေါ်က အခွံ) ကိုသယ်ယူသွားလာကြပါတယ်။ သူတို့တွေဟာ အန္တရာယ်ကို ခံစားမိတာနဲ့ အခွံထဲကို ၀င်သွားတတ်ကြပါတယ်။ ခရုတွေကို ကုန်ပေါ်မှာရော ရေထဲမှာပါ တွေ့နိုင်ပါတယ်။ ခရုခွံတွေကိုတော့ တစ်ကမ္ဘာလုံးက ကမ်းခြေတွေမှာ တွေ့နိုင်ပြီး အများဆုံး တွေ့ရှိနိုင်တာကတော့ ပင်လယ်ခရုခွံတွေပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/78/7842289461ca4a0af5e7935d6b80e1549b60db3d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/36/3696a191ee8e95aa299b4f45d32ef7a4f4b7eaff.jpeg

တချို့ပင်လယ်ထဲမှာနေတဲ့ ခရုတွေဟာ ပဟပ်တွေပါပြီး သူတို့ကိုအသက်ရှုဖို့အတွက် အထောက်အကူပေးနိုင်သလို တချို့ကတော့ ကုန်ပေါ်မှာ အသက်ရှုဖို့အတွက် အဆုပ်ပါ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်းနေခရုတွေဟာ ရွှံထဲမှာ အသက်ရှင်နိုင်ဖို့အတွက် လိုအပ်လို့ပါပဲ။ သူတို့တွေဟာ များသောအားဖြင့် ညဘက်တွေမှာ သို့မဟုတ် တိမ်ထူးတဲ့နေ့ သို့မဟုတ် မိုးရွာတဲ့နေ့တွေမှာ မြင်တွေ့ရများပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/54/54ac81e77322f50eb41b28cad7f1f6f557227fb3.jpg
https://s9.kh1.co/__image/w=650,h=379,q=100/c3/c3acdf48ae4041d5db2883e3dbb3633fa695fd35.jpg

ခြောက်သွေ့လှတဲ့ အခြေအနေတွေမှာ ခရုတွေဟာ အခွံထဲ၀င်ပြီး မလှုပ်ပဲ အချိန်အကြာကြီး နေနိုင်ပါတယ်။ တစ်ခါတုန်းက ပြတိုက်ထဲမှာ သေပြီထင်လို့ ပြသထားတဲ့ ခရုဟာ လှုပ်လာပြီး အခွံထဲကနေ နှစ်ပေါင်းများစွာကြာပြီးမှ ထွက်လာဖူးပါတယ်။ ပြီးတော့ ခရုတွေဟာ တစခါမှေးရင် ၃ နှစ်လောက်ထိကို ကြာမြင့်တတ်ပါတယ်။ သူတို့မျက်လုံးတွေဟာလည်း ပြတ်သွားရင် ပြန်ဖွံ့ဖြိုးလာနိုင်ပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=401,q=100/c1/c113fd0de74aa15f83bf35b741965d811da5c338.jpg

သတင်း အရင်းအမြစ်

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T