နာမည်ကြီး နန်းတွင်းကားရိုက်ပြီးမှ လူသိများလာတဲ့ idol သရုပ်ဆောင်...

//s9.kh1.co/b5/b5ca92da0edbffdbf47b985a92549b8111d6f6e5.jpg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Seo Yul အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရုပ်ရည်များကြောင့်..

မူလက Kpop idol တစ်ယောက်ဖြစ်ပြီး "Alchemy of Souls" မှာ ပါဝင်ခဲ့ပြီးနောက် ဒီမင်းသားဟာ ဟိုးလေးတကျော်ဖြစ်လာခဲ့ပါတယ်။ “Alchemy of Souls” ဟာ သူ့ရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိနေပြီး Season 2 ကိုပါထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ ကျော်ကြားတဲ့ သမိုင်းဝင် စိတ်ကူးယဉ် K-drama ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကိုကြည့်တဲ့အခါ လူတော်တော်များများက အဓိကဇာတ်ဆောင်တွေကိုသာ စိတ်ဝင်စားနေကြပေမယ့် ဒုတိယမြောက် အမျိုးသားဇာတ်ပို့ Seo Yul ကိုတော့သိပ်မသိကြပါဘူး။

https://s9.kh1.co/__image/w=650,h=392,q=100/ce/cea44abdfe3d8837d8548b9076ae50bdb851dc2a.png

“Alchemy of Souls” မှာ Seo Yul ဟာ နူးညံ့သိမ်မွေ့ပြီး ဘက်ပေါင်းစုံမှ ပြီးပြည့်စုံကာ မြင့်မြတ်တဲ့မိသားစုမှဆင်းသက်လာတဲ့ ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။ Seo Yul အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရုပ်ရည်များကြောင့် လူသိများတဲ့ လူငယ်မင်းသား Hwang Min Hyun ဖြစ်ပြီး သူ့ရဲ့ဖော်ရွေတဲ့ အမူအရာက လူတော်တော်များများရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သလို ရှိုးမှာ ဝတ်ဆင်ခဲ့တဲ့ အ၀တ်အစားတွေကြောင့်လည်း ချီးကျူးခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b37673b771196ee6b799ad13d3c453a631ff5c9.png

“Alchemy of Souls” မှာထူးချွန်စွာသရုပ်ဆောင်ခဲ့တဲ့ Hwang Min Hyun ဟာ မူလက နာမည်ကြီး ယောက်ျားလေးအဖွဲ့ NU'EST နှင့် Wanna One တို့ရဲ့အဖွဲ့ဝင် Kpop idol ဖြစ်နေတာကြောင့် လူအများက အံ့သြသွားခဲ့ရပါတယ်။ သရုပ်ဆောင်လူသစ်တစ်ယောက်ဖြစ်တဲ့ Hwang Min Hyun ဟာ 2012ခုနှစ်မှာ သူ့ရဲ့ဖျော်ဖြေရေးနယ်ပယ်မှာ ပွဲဦးထွက်ထွက်ခဲ့ပြီး အဲဒီမတိုင်ခင်က တခြား MV တော်တော်များများမှာ ပါဝင်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/55/55fec3e76958111e5ea12987e6d725ea6e37f0aa.png

အစပိုင်းမှာ NU'EST ရဲ့ စီမံခန့်ခွဲမှုမှားယွင်းမှုကြောင့် Hwang Min Hyun ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဟာ မှေးမှိန်နေခဲ့ရပါတယ်။ ဒါပေမယ့် Mnet survival ရှိုး “Produce 101 Season 2” မှာပါဝင်ခဲ့ပြီး Wanna One အဖွဲ့မှာပြန်လည် ပွဲဦးထွက်ခဲ့တဲ့ 2017 ခုနှစ်မှာ ကြီးမားတဲ့ အားပေးမှုတွေကိုပြန်လည် ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/8b/8bc9a8560d8e61321fe8e560434dfd4044ea695d.jpg

သူ့ရဲ့သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး Hwang Min Hyun ဟာ 2013 က “Reckless Family” မှာဇာတ်ပို့အဖြစ် ပထမဆုံးပါဝင်ခဲ့ပြီး 2016 ခုနှစ်မှာ “Their Distance” နဲ့ ပြန်လည်ရောက်ရှိလာခဲ့ကာ နောက်ဆုံးမှာတော့ Hwang Min Hyun ဟာ “Alchemy of Souls” မှာ ပါဝင်ခဲ့ပြီး အလွန်ကျော်ကြားပြီး၊ ချီးမွမ်းခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/9b/9b3ada4fb6c46a1e5aae6310784969db43693818.jpg

သရုပ်ဆောင်အတွေ့အကြုံမရှိပေမယ့်လည်း Hwang Min Hyun ဟာ ယခုအခါ တိုးတက်ကောင်းမွန်တဲ့ စွမ်းရည်များနဲ့ ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်များကို ပိုင်ဆိုင်ထားတဲ့ ထွန်းသစ်စကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T