သင့်အနံ့ခံအာရုံနဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အချက်

//s9.kh1.co/c9/c9646bb042f2d786de4998f76e2e02087dd30f0f.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သင့်နှာခေါင်းက အနံ့ဘယ်လောက်ကို အာရုံခံနိုင်တယ်ထင်လဲ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အနံ့ဟာ ကျွန်‌တော်တို့ရဲ့ အာရုံများထဲမှာ အပြင်းထန်ဆုံးဖြစ်တာကို သင်သတိပြုမိဖူးပါသလား။ တစ်ခုခုကို အနံ့ခံပြီး အမှတ်ရနေတဲ့အချိန်ကို သတိရမိပါသလား။ အစားအသောက် အမျိုးအစား တစ်ခုခုကို အနံ့ခံပြီး မိသားစုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အချိန်ကို သတိရဖူးပါသလား။ ကျွန်တော်တို့ရဲ့ နှာခေါင်းဟာ အသက်ရှူခြင်းနဲ့ အနံ့ခံခြင်း ပြလုပ်ရုံတင်မဟုတ်ပဲ အဲ့ထက်ပိုပါတယ်။ ကျွန်‌တော်တို့ရဲ့နှာခေါင်းများမှာ ရှုပ်ထွေးတဲ့ ခန္ဓာဗေဒရှိပါတယ်။ သင်အသက်ရှုတဲ့အခါ လေဟာ သင့်ရဲ့နှာခေါင်းပေါက်ကနေ အဆုတ်ကိုသွားရာလမ်းမှာ ဖြတ်သန်းသွားပါတယ်။ နှာခေါင်းအတွင်းက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/54/541d54f20d41801813273ee9b0a586f69b93dea7.jpg
https://s9.kh1.co/__image/w=650,h=480,q=100/c1/c1c7a0a54c748c03f60daa5f781835f2e656e3cd.jpg

အချွဲတွေက အစာအိမ်ထဲကို ညစ်ညမ်းစေတဲ့ အရာတွေနဲ့ ဘက်တီးရီးယားတွေကို ချေဖျက်ပေးပါတယ်။ နှာခေါင်းအတွင်းပိုင်းမှာ အနံ့ကို အာရုံခံနိုင်တဲ့ အာရုံခံအာရုံကြောများပါရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ လေထဲမှာရှိတဲ့ ဒီရနံ့များထဲမှ တစ်သန်းမှာ တစ်စိတ်တစ်ပိုင်းကို ရွေးနိုင်ပါတယ်။ အဲ့နောက် ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ဒီအနံ့များကို စီမံပြီး သူတို့ကို အမှတ်တရအဖြစ် ကုဒ်သွင်းပါတယ်။ သင့်ရဲ့နှာခေါင်းဟာ အနံ့ပေါင်း ၅သောင်းကို မှတ်မိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=364,q=100/68/68d9c1fa9ad979e8e1e9284f4fc71c9cfd0224a0.jpg

လူရဲ့နှာခေါင်းမှာ နှာခေါင်းအတွင်း အနံ့ခံပစ္စည်း အမျိုးအစားပေါင်း ၄၀၀ ခန့်ရှိပါတယ်။ မတူကွဲပြားတဲ့ အနံ့ပေါင်း ထရီလီယံပေါင်းများစွာကို ထောက်လှမ်းနိုင်ပြီး သင့်ဦးနှောက်နဲ့ တွဲဖက်ကာ ရနံ့ပေါင်း ၅ သောင်း ကို မှတ်သားနိုင်ပါတယ်။ သင့်အနေနဲ့ ကုမ္ပဏီတွေက ဘာကြောင့် ကျွန်တော်တို့နှစ်သက်တဲ့ အနံ့နဲ့အရသာကိုပဲ ထုတ်လဲဆိုတာ ရိပ်မိပါသလား။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ကျွန်တော်တွေရဲ့ အနံ့ခံအာရုံကို ကောင်းမွန်စေတဲ့ ဟာတွေထုတ်ပြီး အမြတ်ထုတ်တာဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ရဲ့ အနံ့ခံအာရုံကို သူတို့ကအသုံးချတာပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/dd/dd178793cd68b9995c8330cf8b0edf31016d82b0.jpeg
https://s9.kh1.co/__image/w=450,h=300,q=100/93/93596d0fd1c4e2d0094a43525f25b227a3e7ce16.jpg

ဒါကြောင့် ဖယောင်းတိုင်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရေမွှေးနှင့် ခန္ဓာကိုယ်ထုတ်ကုန်ကုမ္ပဏီများဟာ အောက်ပါရနံ့များကို အသုံးပြုကြပါတယ်။ ပန်းပွင့်နံ့၊ သစ်ပင်များ၊ လတ်ဆတ်တဲ့အသီး၊ အစားအသောက်၊ ဟင်းသီးဟင်းရွက်များ၊ ထင်းရှူးပင်၊ ကမ်းခြေအနံ့၊ စန္ဒကူးပင်၊ မီးပုံအနံ့ တို့ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အချို့ ညှော်နံ့ သို့မဟုတ် စူးရှတဲ့ အနံ့များဟာ တစ်စုံတစ်ယောက်ကို သူတို့ရဲ့ဘဝမှာ ခက်ခဲတဲ့အချိန်များ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့ မှတ်ဉာဏ်ဆီကို ပို့ဆောင်ပေးနိုင်ပါတယ်။ PTSD ဝေဒနာခံစားရသူအချို့ဟာ သူတို့ရဲ့စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အနံ့အသက်များ ရှိနိုင်ပါတယ်။ ဒီအနံ့များဟာ မီးခိုးများ၊ ဆီအနံ့ သို့မဟုတ် အချို့သော အဆိပ်ရှိတဲ့ ဓာတုပစ္စည်းများလည်း ပါဝင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=400,h=400,q=100/b1/b11635b68a8616670b5a2778d06442cfc0b99fae.jpg

သတင်း အရင်းအမြစ်Soma Technology

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T