အိမ်တွေကိုချေးငွေတပြားမှမယူပဲ သန်း6သောင်းဖိုးလက်ငင်း ဝယ်ယူခဲ့တဲ့ Jeon Ji Hyun ..

//s9.kh1.co/e9/e90cc05672dfebfd934089010b6c1ce426127bc6.jpg
အနုပညာရှင်များ

 ၁၈-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

8.6 ဘီလီယံနဲ့ 2007 ခုနှစ် အောက်တိုဘာလက ဆိုးလ်မြို့မှာ အဆောက်အဦး...

နာမည်ကြီး မင်းသမီး Jeon Ji Hyun ဟာ အိမ်ခြံမြေသူဌေး ဆိုတာသင်သိပါသလား။ ဩဂုတ်လ 17 ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “Happy Morning” အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာတော့ ဖျော်ဖြေရေး သတင်းထောက် Choi Jung Ah နဲ့ Hong Jong Seon တို့ကနေပြီး Jeon Ji Hyun ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/06/06ce3c8f307915490f2ff4f24c7cc661d3251f2d.jpg

Jeon Ji Hyun ဟာ ဝမ် 8.6 ဘီလီယံနဲ့ 2007 ခုနှစ် အောက်တိုဘာလက ဆိုးလ်မြို့ Nonhyeon-dong မှာ အဆောက်အဦးကို ဝယ်ယူခဲ့ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့ပါတယ်။ သူမဟာ 2013 ခုနှစ်မှာ Ichon-dong (ဝမ် 5.8 ဘီလီယံ)၊ Samseong-dong (ဝမ် 32.5 ဘီလီယံ) နှင့် Deungchon-dong (ဝမ် 50.5 ဘီလီယံ) တို့ကို ယမန်နှစ်က အသီးသီးစာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပါတယ်။ ဒါကြောင့် Jeon Ji Hyun ဟာ ၁၅ နှစ်တာကာလအတွင်း အိမ်ခြံမြေအတွက် ဝမ် ၈၈.၈ ဘီလီယံသုံးစွဲခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/94/9494655a10db036a38ebd5223b6cea6ec3c3f931.jpg

ပြီးတော့လည်း Jeon Ji Hyun ဟာ Nonhyeon-dong ရှိ အဆောက်အအုံကို ပြန်လည်မွမ်းမံကာ ယမန်နှစ်က ဝမ် ၂၃.၅ ဘီလီယံနဲ့ ရောင်းချခဲ့ပါတယ်။ ဆောက်လုပ်ရေးအတွက် ဝမ် သန်း 500 ကို သုံးစွဲခဲ့တယ်လို့ယူဆရကာ ကာလပေါက်ဈေးအရ ရရှိခဲ့တဲ့အမြတ်မှာ ဝမ် 14.4 ဘီလီယံဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=341,q=100/d7/d72382c71b4ca6f51b70aa10d65fd755b717d505.webp

Jeon Ji Hyun ဟာ စုစုပေါင်းအိမ်ခြံမြေ ၅ ခုကို ဝယ်ယူခဲ့ပြီး အိမ်တစ်လုံးကလွဲပြီး ကျန်အိမ်တွေကိုဝယ်တဲ့အခါ မည်သည့်ချေးငွေကိုမှမယူခဲ့ပဲ လက်ငင်းငွေသားအပြည့်နဲ့ ဝယ်ယူခဲ့ကြောင်း သတင်းထောက် Choi Jung Ah က ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=610,h=341,q=100/b6/b69e9cdb85cdaa67b184c76621514b36a4c67656.webp

Jeon Ji Hyun က အငှားနဲ့ဝယ်တဲ့ တစ်ခုတည်းသောအိမ်ခြံမြေကတော့ Deungchon-dong မှာရှိတဲ့ အဆောက်အဦးဖြစ်ပြီး မတ်လမှာ Deungchon-dong ရှိ စျေးဝယ်စင်တာတစ်ခုကို ဝမ် ၅၀.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ Jeon Ji Hyun ဝယ်ယူချိန်မှာ Shinhan Bank ဟာ အဆောက်အဦးအတွက် ဝမ် 33.6 ဘီလီယံ ကို အပေါင်ခံထားတယ်လို့ ယူဆရကာ အမှန်တကယ် ဝယ်ယူမှုရန်ပုံငွေမှာ ဝမ် 22.5 ဘီလီယံရှိမယ်လို့ ခန့်မှန်းရပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/40/40668ca3833be82e1ec412445f17e90b74fac289.webp

ဘယ်လိုပဲဖြစ်ဖြစ် Jeon Ji Hyun ဟာတောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံးနဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီးတစ်လက်ဖြစ်ပြီး ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို ဝယ်ရောင်းလုပ်ခြင်းနဲ့လည်း အမြတ်ငွေတွေအများကြီးရရှိနေကြောင်း သိရပါတယ်။

Phtos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T