နှစ်လနီးပါး ဂူထဲမှာနေခဲ့ရပြီးနောက် သခင်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ‌ခွေးလေး

//s9.kh1.co/07/0798567045734bc917176f493c0341c81045598d.jpg
နေ့စဉ်သတင်းများ

 ၁၇-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

နှစ်လနီးပါး ဂူထဲမှာနေခဲ့ရပြီးနောက် သခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ‌ခွေးလေး

အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ်ရှိ ဂူတစ်ဂူမှာ နှစ်လကြာ အသက်ရှင်ကျန်ရစ်ပြီး ပျောက်ဆုံးနေတဲ့ ခွေးလေး Abby ကို တွေ့ရှိခဲ့လို့ သခင်နှင့်အတူ ပြန်ဆုံခွင့်ရခဲ့ပြီဖြစ်ပါတယ်။ သခင်ဖြစ်သူ Jeff Bohnert က မစ်ဆူရီပြည်နယ် ၊ Perryville မြို့ရှိ သူ့ရဲ့နေအိမ်ကနေ အသက် ၁၃ နှစ်အရွယ် ခွေးလေး Abby ဟာ ဇွန်လ အစောပိုင်းကပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

Jeff Bohnert က သူ့ရဲ့ ခွေးလေးကို လိုက်ရှာကြည့်ပေမယ့် ဘယ်မှာမှရှာလို့မတွေ့တော့လို့ ထင်ခဲ့တာပါ။ နောက်တော့ အနီးနားရှိ လှိုဏ်ဂူထဲမှာ ဒေသခံ စူးစမ်းလေ့လာသူတွေက ခွေးလေးတစ်ကောင်ကို မထင်မှတ်ဘဲ သူမကို တွေ့ခဲ့ရပါတယ်။ နှစ်လအကြာမှာတော့ အိမ်နီးချင်းတစ်ဦးထံမှ Jeff Bohnert ဟာ စာတစ်စောင်ရခဲ့ပါတယ်။ အနီးနားရှိ လှိုဏ်ဂူကို စူးစမ်းလေ့လာသူတွေက ခွေးတစ်ကောင်ကို တွေ့ရှိခဲ့တယ် Abby ဟုတ်သလားဆိုတာပါ။

Photo Credit - From Google
Photo Credit - From Google

ဂူရှိတဲ့နေရာ‌ရောက်တော့ နှစ်လနီးပါးပျောက်ဆုံးနေတဲ့ သူ့ရဲ့ ခွေးလေး Abby ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ အံ့သြစရာက ခွေးလေး Abby ဟာ ရက်ပေါင်း ၆၀ လောက် ဂူထဲမှာ ဘယ်လိုရှင်သန်ခဲ့သလဲဆိုတာပါ။ အခုတော့ ကယ်ဆယ်ရေးသမားတွေရဲ့ ကျေးဇူးကြောင့် ခွေးလေး Abby ဟာ သခင်နဲ့အတူ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - ABC News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T