မြွေတွေလမ်းလျှောက်နိုင်အောင် ခြေလေးချောင်း စက်ရုပ်ကို တီထွင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/67/6790895d7189be52a3cbae3f7a6f18e28bc15bbb.jpg
နေ့စဉ်သတင်းများ

 ၁၆-သြ-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

မြွေတွေလမ်းလျှောက်နိုင်အောင် ခြေလေးချောင်း စက်ရုပ်ကို တီထွင်ခဲ့တဲ့ အမျိုးသား

လော့စ်အိန်ဂျလိစ်အခြေစိုက် အင်ဂျင်နီယာတစ်ဦးနှင့် YouTuber ဖြစ်သူ Allen Pan တို့ဟာ မြွေတွေကို လမ်းလျှောက်လို့ရအောင် ထူးထူးဆန်းဆန်း ခြေလေးချောင်း စက်ရုပ်ကို တီထွင်ခဲ့ကြပါတယ်။ အဆိုပါ စက်ရုပ်ဟာ ရှည်လျားတဲ့ ပြွန်တစ်ခုမှာ ကွန်ထရိုးဘုတ်တစ်ခုနှင့် ချိတ်ဆက်ထားတဲ့ ပလတ်စတစ်ခြေထောက်လေးချောင်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။ စက်ရုပ်ခြေထောက်လေးချောင်းထဲမှ စနစ်တစ်ခုကို ဖန်တီးခဲ့ပြီး တစ်ခုစီမှာ ကွန်ထရိုတာဘုတ်နှင့် ချိတ်ဆက်ထားတဲ့ ဆာဗာမော်တာများပါရှိပြီး လမ်းတစ်လမ်းကို အလိုအလျောက်သွားနိုင်တယ်လို့ သိရပါတယ်။ 

Photo Credit - dailymail
Photo Credit - dailymail
Photo Credit - dailymail
Photo Credit - dailymail

ပြီးတော့ သော့ချိတ်တစ်ခုနှင့် လက်ပ်တော့ပေါ်မှာ ပရိုဂရမ်ထည့်သွင်းထားတဲ့ tag များကို အသုံးပြုပြီး ခြေထောက်များကို ကြိုးမဲ့စနစ်ဖြင့် အသက်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်က မြွေကကို ပြွန်ပေါက်ထဲကနေသယ်ပြီး လိုရာခရီးကို ပို့ဆောင်ပေးမှာလို့ ဆိုပါတယ်။ ဒါပေမယ့် ‌မြွေသွားချင်တဲ့ နေရာကိုတော့ ပို့ဆောင်ပေးနိုင်မယ်လို့ မထင်ပါဘူး ။

Photo Credit - dailymail
Photo Credit - dailymail
Photo Credit - dailymail
Photo Credit - dailymail

စက်ရုပ်တီထွင်သူ Pan ကတော့ ကယ်လီဖိုးနီးယားပြည်နယ် Temecula အခြေစိုက် မြွေမွေးမြူသူ Anthony Zavala ဆိကို သွားရောက်ကာ မြွေတစ်ကောင်ကို ထည့်ပြီး စမ်းသပ်ရာမှာ အနည်းငယ် လှုပ်ရှားမှုရှိခဲ့တယ်လို့ ‌ဆိုပါတယ်။ ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့မယ်ဆိုရင် သူဟာ စီးပွားဖြစ်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=474,q=100/48/4813164010699966bd0224e530e04e19fffed3ae.jpg

သတင်း အရင်းအမြစ်Source - dailymail

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T