အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခြင်း တစ်နှစ်ပြည့်နေ့မှာ တာလီဘန်များက အောင်ပွဲခံ

//s9.kh1.co/6a/6af5d51a1b417cadc02b074acf8365e155c53ac1.jpg
နေ့စဉ်သတင်းများ

 ၁၆-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တာလီဘန်စစ်သွေးကြွတွေဟာ ဩဂုတ်လ ၁၅ ရက်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်တာ တစ်နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ်အနေဖြင့် ကဘူးလ်မြို့ရဲ့ လမ်းတွေပေါ်မှာ လက်နက်များ၊ အလံများကို ကိုင်ဆောင်ပြီး ယာဉ်တန်းများဖြင့်လှည့်လည်ကာ အောင်ပွဲခံခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=620,h=827,q=100/0e/0e6e2170c9a01f3c72f7466a6d20c49599b0334c.jpg

တာလီဘန်တွေဟာ နိုင်ငံကို ပြန်လည်သိမ်းပိုက်ပြီးသည့်နှစ်က အရပ်ဘက်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးအခွင့်အရေးနှင့် တိုးတက်မှုဆိုင်ရာ ဆယ်စုနှစ်နှစ်ခုကို ဖယ်ရှားခဲ့ပြီး အာဖဂန်နစ္စတန်ကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အတုအယောင်အပယ်ခံအဖြစ် ထားခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=465,q=100/ca/cabf216f78b451c8286b01731b6adcefe642e3de.jpg

ဒါပေမယ့် နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီး အမေရိကန်ရဲ့ အရှည်ကြာဆုံးစစ်ပွဲ ပြီးဆုံးချိန်ကတည်းက အာဖဂန်နစ္စတန်မှာ အကြမ်းဖက်တာတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကုလသမဂ္ဂကကတော့ တာလီဘန်တွေသိမ်းပိုက်ထားတဲ့ တစ်နှစ်ကြာအထိ နိုင်ငံမှာ ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=465,q=100/9c/9c41fa5aa4e1668383b5810dc9f126ece9e23bcb.jpg

Biden အစိုးရကတော့ နိုင်ငံပြင်ပမှာ သိမ်းဆည်းထားတဲ့ အာဖဂန်အစိုးရရဲ့ ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံပေါင်းများစွာနှင့် နိုင်ငံခြားအလှူရှင်များရဲ့ တစ်နှစ်တာ ဘတ်ဂျက် လေးပုံသုံးပုံအထိ ရန်ပုံငွေအမြောက်အမြားကို ထုတ်ယူသွား ခဲ့ပါတယ်။ လက်ရှိ အာဖဂန်နစ္စတန်မှာ လူသန်း ၉၀ ကျော်ဟာ စားနပ်ရိက္ခာမလုံလောက်ခြင်း ၊ ၃၅ သန်းခန့်မှာ ဆင်းရဲတွင်းနက်ထဲကျရောက်နေခြင်း နှင့် ၆.၆ သန်းဟာ အရေးပေါ်အဆင့် အငတ်ဘေးရောက်ဖို့ ခြေတစ်လှမ်းသာ‌ ရှိတော့တယ်လို့ ဆိုကြပါတယ်။

https://s9.kh1.co/__image/w=620,h=827,q=100/76/768c4fabe4cdf3e4f6e5f630040d38caba7658ef.jpg
https://s9.kh1.co/__image/w=620,h=413,q=100/f3/f3e7d93b35654b159c31e101150f34792a43e37a.jpg

သတင်း အရင်းအမြစ်Source - cbsnews

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T