အများပြည်သူ‌တွေရဲ့ အချစ်တော် ဖျံကြီး Freya Walrus ကို နော်ဝေအာဏာပိုင်တွေက သုတ်သင်

//s9.kh1.co/01/01f7f6c8d0d41e22801cffb2a39ec2e1ef88a151.jpg
နေ့စဉ်သတင်းများ

 ၁၆-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

နော်ဝေအာဏာပိုင်များက သြဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်း အများပြည်သူများရဲ့ အချစ်တော်ဖြစ်တဲ့ ဖျံကြီး Freya Walrus ကို သုတ်သင်လိုက်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။ Freya Walrus ဟာ ကမ်းခြေကိုလာရောက်လည်ပတ်သူတွေကို ကြောက်ရွံ့ခြင်းမရှိဘဲ တရင်းတနှီးနေတာကြောင့် အားလုံးသူ့ကို စိတ်ဝင်ခဲ့ကြတဲ့ ဖျံတစ်ကောင်ပါ။ တခါတလေ စက်လှေပေါ်တွေနဲ့ တံတား‌ပေါ်မှာ တက်အိပ်ပါတယ်။

Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum

အော်စလိုကမ်းရိုးတန်းရှိ နော်ဝေး ဆိပ်ကမ်းဧရိယာတွေမှာ သူ့ကြောင့် သင်္ဘောများစွာနစ်မြုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ အလေးချိန်က ၆၀၀ ကီလိုဂရမ်ကျော်လွန်နေတာကြောင့် လှေပေါ်တက်လိုက်တာနဲ့ တိမ်းမှောက်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်း လှေပိုင်ရှင်များမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် လူအများက သူ့ကိုစိတ်ဝင်စားခဲ့ကြပြီး နေ့ချင်းညချင်း ကျော်ကြားလာခဲ့ပါတယ်။

Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum

Freya ဟာ လူတွေနဲ့ အရမ်းရင်းနှီးလာပြီးနောက်ပိုင်းမှာ အများပြည်သူတွေကို အန္တရာယ်ပေးလာနိုင်တာကြောင့် အာဏာပိုင်တွေက သုတ်သင်ဖို့ ယခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ Freya ရှိတဲ့ အနီးအနားကို ချဉ်းကပ်ခြင်းမပြုလုပ်ဖို့ တားဖြစ်ဆိုင်းဘုတ်များထားရှိပေမယ့် အများပြည်သူများက လိုက်နာနိုင်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Freya ရဲ့ပုံစံက ချစ်စရာကောင်းတာဖြစ်လို့ လူတော်တော်များများရဲ့ အချစ်တော်ဖြစ်လာနေလို့ပါ။

Photo Credit - World Forum
Photo Credit - World Forum

နော်ဝေငါးလုပ်ငန်းဌာနက အရင်က Freya ကို အခြားနေရာသို့ ပြောင်းရွှေ့ရန်ကြိုးစားခဲ့ပေမယ့် ရှုပ်ထွေးတဲ့ ပြဿနာများစွာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ယခုလို အများပြည်သူတွေရဲ့ အချစ်တော်ဖြစ်တဲ့ Freya ကို သုတ်သင်လိုက်တာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို အများပြည်သူများက မေးခွန်းများစွာထုတ်ပြီး ဝေဖန်ခဲ့ကြပါတယ်။

Photo Credit - World Forum
Photo Credit - World Forum

သတင်း အရင်းအမြစ်Source - World Forum

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T