အမတ်များ အစည်းအဝေးလုပ်ရာ အဆောက်အအုံနားမှာ လေထဲကို သေနတ်ပစ်ခဲ့ပြီးနောက် မိမိကိုယ့်ကို ပစ်သတ်သွားသူ

//s9.kh1.co/81/81721138a338c2e864a001c569720d150e40118b.jpg
နေ့စဉ်သတင်းများ

 ၁၅-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဒီလူဟာ ဘာမှမပြော ဘယ်သူ့ကိုမှ မထိခိုက်စေပဲ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သေနတ်သမား‌တစ်‌‌ယောက်ဟာ သူ့ရဲ့ကားကို အမေရိကန် Capitol အဆောက်အအုံအနီးရှိ အတားအဆီးတစ်ခုဆီ မောင်းနှင်လာပြီး လေထဲကို သေနတ် ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာ သူဟာ မော်တော်ကားပေါ်ကနေ ဆင်းလာစဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်ဟာ မနက်အစောကြီး ၄ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူကလွဲလို့ အခြားမည်သူမျှ ထိခိုက်မှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/83/839b7358a0505761d9e40b6a8424f739e5d6880f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/60/60729c2475f4ab1f07f4360c53a41b58d8c0afa5.webp

Capitol ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ဒီအမျိုးသားဟာ ကွန်ဂရက်လွှတ်တော် အမတ်များကို ပစ်မှတ်ထားခြင်း မရှိကြောင်းနှင့် အရာရှိများက သူတို့ရဲ့ လက်နက်များကို ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ ရဲတွေဟာ ဒီလူရဲ့ နောက်ကြောင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း ပြောခဲ့ပါတယ်။ ပုံထဲမှာဆိုရင် မီးလောင်ကျွမ်းသွားတဲ့ကားကို ဖယ်ရှာသွားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=281,q=100/34/34f31b713bbf18998886961cf4f94d69b24ec3dd.jpg
https://s9.kh1.co/__image/w=650,h=433,q=100/22/22cfed12e9e4d728366398dc4306c7e40849353e.webp

ဒီဖြစ်ရပ်ဟာ သမ္မတဟောင်း Donald Trump ရဲ့ Mar-a-Lago အိမ်ရာကို FBI မှရှာဖွေပြီးနောက်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းရှိ တရားဥပဒေစိုးမိုးရေးအာဏာပိုင်များဟာလည်း အစိုးရအဆောက်အအုံများကို တိုက်ခိုက်လာနိုင်တဲ့ သတိပေးချက်များကြားမှာ ခြိမ်းခြောက်မှုများ တိုးများလာနေမှုနဲ့ ရင်ဆိုင်နေရပါတယ်။ Trump ရဲ့အမာခံ ထောက်ခံသူတစ်ယောက်ကပဲ ခုလို ပစ်ခတ်ပြီး ကိုယ့်ကိုကို သတ်သေသွားတာလားဆိုတာလည်း မသိရှိရသေးပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/d8/d8b256edcc03862256e95c753e16de58173660b0.webp

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T