ကမ္ဘာကြီးအတွက် အရှင်လတ်လတ် အခေါင်းထဲထည့်ပြီး မြေမြုပ် ယစ်ပူဇော်ခံလိုက်ရသူ

//s9.kh1.co/61/616d23ce9faf2fdb25771d8585e8953eb9f71dd2.jpg
နေ့စဉ်သတင်းများ

 ၁၂-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

မိခင်ကမ္ဘာပွဲတော်မှာ အသောက်ကောင်းပြီး ဘာမှမသိလိုက်ခင်မှာပဲ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မူးမူးရူးရူးဖြင့် အခေါင်းတလားထဲ ပိတ်မိရာမှ နိုးလာပြီးနောက် မိခင်ကမ္ဘာမြေအား လူသားပူဇော်သက္ကာအဖြစ် ပူဇော်ခံခဲ့ရကြောင်း ကြောက်လန့်တကြားနဲ့ ပွဲတော်သွားသူတစ်ဦးက ပြောပြခဲ့ပါတယ်။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ Víctor Hugo Mica Alvarez ( အသက် 30 ) ဟာ ဘိုလီးဗီးယားနိုင်ငံ El Alto မြို့မှ မိုင် 50 ခန့်အကွာ Achacachi ရှိ သေတ္တာထဲကနေ ထလာခဲ့ပါတယ်။ မနေ့ညက မိခင်ကမ္ဘာပွဲတော်ဖွင့်ပွဲမှာ တိုင်းရင်းသူတွေဟာ သက်ရှိတိရိစ္ဆာန်တွေနဲ့ သိုးသန္ဓေသားကနေ ချိုချည်နဲ့ အအေး အားလုံးကို ပူဇော်လေ့ရှိတဲ့ မိခင်ကမ္ဘာပွဲတော်ရဲ့ အဖွင့်မှာ သူဟာ အထူးစပရှယ် သောက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=303,q=100/45/45145a18bc9ec6056c63b556372c824ec76102b0.webp
https://s9.kh1.co/__image/w=644,h=362,q=100/8b/8be7ac68e7c5a8c4a3aff604cb2f93e433f068d2.webp

ဗစ်တာ က သူဟာ လူသားများရဲ့ ယဇ်ပူဇော်မှုကြားမှာရှိနေခဲ့ပြီး ကြောက်ရွံ့မှုအချို့က သူမ (ကမ္ဘာကြီး) ကို ကျေနပ်စေရန် ရှေးပုံစံ ထုံးတမ်းများနဲ့ ပူဇော်ထားဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဲ့လိုနဲ့သူမူးနေတုန်း ယစ်ပူဇော်ခံလိုက်ရပါတယ်။ မနက်ရောက်တော့ ရွှံ့နွံတွေနဲ့ ကွန်ကရစ်တွေဖုံးလွှမ်းနေတဲ့ ကြားထဲက သူဟာ လွတ်မြောက်လာပြီးနောက် ဒေသခံမီဒီယာကို " မနေ့ညက [ပွဲတော်အကြိုဝင်ခွင့်] ကျွန်တော်တို့ ကခဲ့တယ်။ နောက်တော့ မမှတ်မိတော့ဘူး။ "

https://s9.kh1.co/__image/w=540,h=303,q=100/13/1306a6ec01bdf3352bf80891de0406c50d83b843.webp
https://s9.kh1.co/__image/w=650,h=434,q=100/64/6415f6a6f4b8576779a332ae150a065c91c140e1.webp

" ကျွန်တော်မှတ်မိတာတစ်ခုကတော့ အိပ်ယာပေါ်မှာပဲရှိနေတယ်ထင်ပြီး ဆီးသွားချင်စိတ်ထ ထခဲ့ပေမယ့် လှုပ်လို့မရတော့တာပါပဲ။ ကျွန်တော် ခေါင်းတလားကို တွန်းချလိုက်တဲ့အခါ အခေါင်းရဲ့ဖန်ကို ခွဲနိုင်ခဲ့ပြီး အဲဒီနည်းနဲ့ အပြင်ကို ထွက်နိုင်ခဲ့တယ်။ " လို့ပြောပြခဲ့ပါတယ်။ ဗစ်တာကရဲတွေကို သူမူးနေတုန်း အရှင်လတ်လတ် မြေမြုပ်ခံရကြောင်းကို ပြောခဲ့ပေမယ့် ဘယ်သူမှ မယုံခဲ့ကြပါဘူးတဲ့။ သနားဖို့တော့ကောင်းပါတယ်။

https://s9.kh1.co/__image/w=540,h=345,q=100/b5/b5d1e8bb39f962c6cbf225146c92f33f4e6bc5b0.webp
https://s9.kh1.co/__image/w=650,h=434,q=100/7e/7e2df95e14fb8a947f3b89c33815023cf2bc0826.webp

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T