ကျူးဘားတိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့တဲ့ ရှားပါး ကျားမျိုးစိတ်

//s9.kh1.co/b5/b50b87b24252ecbff89bc952d43f9bca74832bde.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

.

ရှားပါးတဲ့ ဘင်္ဂလားကျားသားပေါက်လေးကို ဟာဗားနားရှိ ကျူးဘားအမျိုးသားတိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါကျားလေးဟာ အစင်းကျားနှင့် ချစ်စဖွယ်ကောင်းတဲ့ သားရဲ လေးကောင်ဖြစ်ကြောင်း တိရစ္ဆာန်ရုံစောင့်များက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

မျိုးတုံးပျောက်ကွယ်လုနီးပါးရှိနေတဲ့ ကျားတွေကို ကျူးဘားတိရစ္ဆာန်ရုံက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မွေးမြူခဲ့တာ ဖြစ်ပါတယ်။ယခုအခါ ကျားလေး လေးကောင်ပေါက်ဖွားခဲ့ပေမယ့် စိတ်မကောင်းစရာကတော့ ကျားပေါက်လေး ၃ ကောင်ဟာ ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာများခံစားရပြီး ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တစ်ကောင်သာ ကျနိရစ်ခဲ့ပြီး ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာသူဖြစ်လို့ တိရစ္ဆာန်ရုံမှာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

လိမ္မော်ရောင်အစင်းကြောင့် လူသိများတဲ့ ထောင်နှင့်ချီတဲ့ ဘင်္ဂလားကျားများဟာ တစ်ချိန်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နှင့် နီပေါရှိသစ်တောများမှာ သွားလာကျက်စားနေကြတာပါ။ ဒါပေမယ့် တောခိုးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် အမဲလိုက်ခြင်းတို့ကြောင့် အကောင်ကေ ၂၅၀၀ ခန့်ထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကျားမျိုးစိတ် ကိုးမျိုးရှိသည့်အနက် သုံးမျိုးဟာ ပြီးခဲ့သည့် ရာစုနှစ်မှာ မျိုးသုဉ်းသွားခဲ့ပြီး စတုတ္ထတစ်မျိုးဖြစ်တဲ့ တောင်တရုတ်ကျားလည်း မျိုးသုဉ်းသွားပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များစွာက ယူဆထားကြပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T