အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့ တစ်ချိန်က လီဆောင်းဦး (သို့) ဂွီဒေါက်

//s9.kh1.co/95/959841ae6f49a6f628043c7834c5cec879b3c55a.jpeg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၁၀ လ က

အသက် ၄၅ နှစ်အရွယ်အထိ လက်မထပ်ရသေးတဲ့ တစ်ချိန်က လီဆောင်းဦး (သို့) ဂွီဒေါက်

တောင်ကိုရီးယားမင်းသမီး Kim Hyun Joo ကို မြန်မာပြည်မှာ လီဆောင်းဦး (သို့) ဂွီဒေါက်ဆိုပြီး လူသိများပါတယ်။ Kim Hyun Joo ဟာ ၁၉၇၇ ခုနှစ် ၊ ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့အသက်က၄၅ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google

 Kim Hyun Joo ဟာ ၁၉၉၆ ခု နှစ်မှာ မော်ဒယ်တစ်ယောက်အဖြစ်စတင်ခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်မှာ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Google
Google
Google
Google

Kim Hyun-joo က အသက် ၄၀ ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်မင်းသမီးတစ်ယောက်ဆိုပေမယ့် လက်ရှိအချိန်အထိ ချစ်သူရော ခင်ပွန်းရောမရှိသေးတဲ့သူဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သတ်ပြီး သိုသိုသိပ်သိပ်နေထိုင်တတ်တဲ့Kim Hyun-joo ဟာ လက်ရှိအချိန်အထိ နုပျိုပြီး လှပချောမောနေတုန်းပဲ ဖြစ်ပါတယ်။ 

Google
Google

လက်တွဲဖော်မရှာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အင်တာဗျူးတဲ့အခါမှာလည်း Kim Hyun-joo က လက်ထပ်တယ်ဆိုတာသူ့အတွက် တားမြစ်ထားတဲ့အရာတစ်ခုလိုဖြစ်နေကြောင်း ဒါပေမယ့် လည်း တစ်ခါတစ်လေမှာတော့ သူမဘေးနားမှာ တစ်ယောက်ယောက်ရှိစေချင်ကြောင်း  အနားမှာ တစ်စုံတစ်ယောက်ရှိမယ် ဆိုရင်လည်း မွန်းကြပ်သလိုကြီးခံစားရမှာဖြစ်ကြောင်း ဖြေဆိုခဲ့ဖူးပါတယ်။

Google
Google
Google
Google
Google
Google

Kim Hyun-joo ကနာမည်ကြီးပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးတွေထဲမှာ လက်မထပ်ရသေးတဲ့ ရှားမှရှားမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေသဲသဲလှုပ်အားပေးခဲ့ရတဲ့ တစ်ချိန်က မင်းသမီးချော လီဆောင်းဦး (သို့) ဂွီဒေါက်ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google
Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

Copyright Mediaload