F4 လို့ လူသိများကြတဲ့ “Boys Over Flowers” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသား ဂူဂျွန်ဖြိုး အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Min Ho ရဲ့ သရုပ်ဆောင်အစွမ်းဟာ အလွန်ထင်ရှား ကျော်ကြားလှပါတယ်။ ဒါပေမယ့် F4 ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား ဂူဂျွန်ဖြိုး နေရာအတွက် Lee Min Ho ကို ပထမဆုံးရွေးချယ်ခဲ့တာတော့ မဟုတ်ပါဘူး။
Lee Min Ho၊ Kim Hyun Joong၊ Kim Bum နဲ့ Goo Hye Sun တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Boys Over Flowers” ဇာတ်ကားရဲ့ အကြီးအကျယ်ကို အောင်မြင်မှုရရှိခဲ့ပါတယ်။ “Boys Over Flowers” အပြီးမှာတော့ ခေါင်းဆောင် မင်းသားနေရာကို သရုပ်ဆောင်ခဲ့သူ Lee Min Ho က နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်ကနေ ထိပ်တန်းကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
မင်းသား Lee Min Ho က “F4” ရဲ့ ခေါင်းဆောင် Goo Jun Pyo ပုံရိပ်ကို နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။ အခုအချိန်အထိတောင် ပရိတ်သတ်တွေက Lee Min Ho ကို “ချမ်းသာတဲ့ Goo Jun Pyo” ပုံရိပ်အနေနဲ့ မြင်နေကြတာပါ။ ဒါပေမယ့် ဇာတ်ညွှန်းရေးဆရာ Yoon Ji Ryun ရဲ့ အဆိုအရတော့ မင်းသား Lee Min Ho ဟာ ဂူဂျွန်ဖြိုး ဇာတ်ကောင် အတွက် ပထမဆုံး ရွေးချယ်မှု မဟုတ်ပါဘူး။
ကနဦးတုန်းက ၂၀၀၀ ခုနှစ်တွေမှာ အလွန်နာမည် ကြီးခဲ့ပြီး အာရှမင်းသား လို့ခေါ်ကြတဲ့ Jang Geun Suk ကို ဂူဂျွန်ဖြိုးအဖြစ် သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်တယ် လို့ Boys Over Flowers ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “Boys Over Flowers”ဇာတ်ကားမတိုင်မီတည်းက မင်းသား Jang Geun Suk က “Hong Gil Dong”၊ “Hwang Jin Yi” တို့လို နာမည်ကြီး K-dramas တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး “Beethoven Virus” ဇာတ်ကားအတွက် ကျောင်းဒရာမာဇာတ်ကား ဖြစ်တဲ့ F4 ဇာတ်ကားကို ငြင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Beethoven Virus ဇာတ်ကားက အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့်လည်း “Boys Over Flowers” ကတော့ အကြီးအကျယ်ကို အောင်မြင်မှုရှိရှိခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Jang Geun Suk ဟာ ထိန်းမနိုင်အောင် ကိုယ်အလေးချိန်အလွန်အမင်းတက်လာခဲ့ပြီး ပရိတ်သတ်မြင်ကွင်းကနေ ပျောက်ဆုံးသွား ခဲ့ပါတယ်။
F4 ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားဖြစ်ခဲ့သူ Lee Min Ho က လက်ရှိအချိန်ထိ အောင်မြင်မှုသရဖူကို ဆောင်းထားဆဲဖြစ်ပြီး အာရှမင်းသား Jang Geun Suk အနုပညာလောကကနေ ပျောက်ကွယ်သွားတာကတော့ ဝမ်းနည်းစရာပဲဖြစ်ပါတယ်။
source - kbizoom