စက်ရုပ်ခွေးတွေသုံးပြီး ရုရှားမိုင်းတွေကိုရှင်းနေတဲ့ ယူကရိန်းစစ်တပ်

//s9.kh1.co/a3/a32b3a2089f64dea81ebdbc53af68c98524ff936.jpg
နေ့စဉ်သတင်းများ

 ၂၇-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒီစက်ရုပ်တွေကို အမေရိကန်က ယူကရိန်းဆီပေးသုံးထားတာဖြစ်ပါတယ်

ရုရှားကယူကရိန်းကို ကျူးကျော်မှုကြောင့် ယူကရိန်းပြည်သူတွေဟာ ရုရှားစစ်သားတွေနဲ့ အခုချိန်ထိ ထိပ်တိုက်ရင်ဆိုင်နေရဆဲပါ။စစ်ပွဲအတွင်းမှာ ယူကရိန်းသားတွေဟာ နည်းပညာမျိုးစုံသုံးပြီး ကျရာနေရာကနေနိုင်ငံကို ကာကွယ်နေကြပြီး AI တွေ၊Hologram တွေကိုလည်း တောက်လျှောက်အသုံးပြုနေကြပါတယ်။ခုတော့ နောက်တဆင့်ကိုတက်သွားပြီး စက်ရုပ်ခွေးတွေကိုပါ အသုံးပြုနေကြပါပြီ။

https://s9.kh1.co/__image/w=650,h=488,q=100/f5/f5a25b9a61fda3cbe7f20e31327e71a2569fc22c.png

အဲ့ဒီစက်ရုပ်တွေကို အမေရိကန်က ယူကရိန်းဆီ ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။စက်ရုပ်တွေရဲ့အဓိကလုပ်ဆောင်ချက်ကတော့ စစ်မျက်နှာပြင်က မိုင်းတွေကိုရှင်းလင်းဖို့ပါ။Boston Dynamic ရဲ့ဗားရှင်းနှစ်မျိုးနဲ့ ခွေးစက်ရုပ်တွေဟာ ရုရှားစစ်တပ်ထောင်ထားတဲ့ မိုင်းတွေ၊အမြှောက်ကျည်ဆံတွေကို ဖယ်ရှားပစ်တာတွေ၊လုံခြုံတဲ့နေရာတွေထိယူသွားပြီးမှ ဖောက်ခွဲပစ်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=459,q=100/1d/1de0dc2b496cfa343a42a20eb692411031120046.png

ပုံမှန်စက်ရုပ်တွေလိုမျိုး ခေါင်းနေရာမှာခွေးခေါင်းကိုထည့်ထားမှာမဟုတ်ပဲ စက်ရုပ်လက်တံထည့်ပေးထားမှာကြောင့် ပစ္စည်းတွေကိုအလွယ်တကူဆွဲယူပြီး လွှတ်ပစ်နိုင်မယ်လို့လည်းသိရပါတယ်။စက်ရုပ်တွေကို ခုမှစသုံးမှာမဟုတ်ပဲ အရင်ကတည်းကယူကရိန်းစစ်တပ်နဲ့ လေ့ကျင့်မှုတွေပြုလုပ်ထားပြီးသားပါ။စစ်ဆေးမှုအဆင့်ဆင့်တွေကြားမှာ စက်ရုပ်ဟာမြေမြုပ်မိုင်းတွေကိုဖယ်ရှားပစ်နိုင်ခဲ့ပြီး ခုရုရှားတွေထားခဲ့တဲ့ လက်နက်တော်တော်များများကလည်း မြေမြုပ်မိုင်းတွေပါ။

https://s9.kh1.co/__image/w=650,h=488,q=100/32/3209001a9c4e966370161b12ab50db519973c0c6.png

စက်ရုပ်ကိုတီထွင်ထားတဲ့ အဖွဲ့အစည်းကတာဝန်ရှိသူတွေကလည်း ဒီစက်ရုပ်တွေနဲ့မိုင်းရှင်းတာတွေဟာ အောင်မြင်နိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်။ဒါပေမဲ့ စက်ရုပ်တွေစသုံးနေပြီလား အောင်မြင်နေပြီလားဆိုတာ ခုထိမသိရသေးပါဘူး။ယူကရိန်းစစ်တပ်ရဲ့ပြောကြားချက်အရ ရုရှားတွေထားခဲ့တဲ့စစ်လက်နက်ပမာဏဟာ ဒုတိယကမ္ဘာစစ်တုန်းက စစ်ကျန်လက်နက်တွေလောက်နီးပါးရှိကြောင်း ထုတ်ပြောထားပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T