ခင်ပွန်းသည်ရဲ့ ပေါင်ပေါ်တက်ထိုင်ပြီး ခေါင်းလေးကို တဖွဖွနမ်းရှိုက်နေတဲ့ Marian ရဲ့ ချစ်စရာ ရုပ်သံ

//s9.kh1.co/f2/f2e31d101e0d554c469d21774b3730e3d9273a7e.jpg
အနုပညာရှင်များ

 ၂၀-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖိလစ်ပိုင် နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ Dingdong Dantes နဲ့ Marian Rivera တို့ ဇနီးမောင်နှံကတော့ မြန်မာအပါအဝင် နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိထားတဲ့ သူတို့နှစ်ဦးဟာ လက်ရှိမှာ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတဲ့အပြင် ချစ်စရာ ချစ်စရာသမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Photo Credit - Marian Rivera
Photo Credit - Marian Rivera
https://s9.kh1.co/__image/w=650,h=610,q=100/18/182d48fd63b4820b87e30c884bcaadd67155d768.jpg

မင်းသမီး Marian Rivera ဟာ လက်ရှိအချိန် ကလေးအမေလိုတောင် မထင်ရအောင် ချောမောနေသေးတာ ဖြစ်ပါတယ်။ Dingdong Dantes နဲ့ Marian Rivera တို့နှစ်ယောက်ဟာအရမ်းချစ်ကြတဲ့ သူတွေဖြစ်ပြီး အားကျစရာ ကြင်နာယုယမှုလေးတွေကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုခဲ့ကြပါတယ်။ဒီကနေ့မှာ Marian က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ရုပ်သံဖိုင်တစ်ခုကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Marian Rivera
Photo Credit - Marian Rivera
Photo Credit - Marian Rivera
Photo Credit - Marian Rivera

ဒါကတော့ မိတ်ဆွေသူငယ်တွေနဲ့ ဆုံနေတုန်းအချိန်လေးမှာ ခင်ပွန်းသည် Dingdong Dantes ရဲ့ ပေါင်ပေါ်လေးကို တက်ထိုင်ပြီး နှစ်ယောက်အတူတူ ချစ်အားတွေပိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် Marian က ခင်ပွန်းသည်ရဲ့ ခေါင်းလေးကို ခဏခဏ အနမ်းလေးတွေပေးနေခဲ့တာကတော့ ချစ်စရာကောင်းလှပါတယ်။ ပရိသတ်တွေလည်း Marian တို့နှစ်ယောက်ရဲ့ ရိုနေတဲ့ ရုပ်သံလေးကို သဘောကျမယ်လို့ ထင်ပါတယ်။

သတင်း အရင်းအမြစ် Source - Marian Rivera

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T