လက်ရှိအခြေအနေတွေမှာ အောက်ဆီဂျင် ရှားပါးပြတ်လပ်မှုကြောင့် လူအများသေဆုံးနေကြရပြီး ပြည်သူတွေက အချင်းချင်း ဖေးမကူညီနေကြတာ ဖြစ်ပါတယ်..။
အောက်ဆီဂျင်အိုးတွေကို အဆမတန်ဈေးတင်ပြီး ရောင်းချမှုတွေအပြင် လိမ်လည်နေတဲ့လူတချို့ရဲ့ စာနာစိတ်ကင်းမဲ့မှုတွေကြောင့်လည်း ဒုက္ခရောက်ရတာတွေ ရှိနေတာတွေ့ရပါတယ်..။
![Photo Credit - Soe Pyae Thazin's Fb Acc](https://s9.kh1.co/__image/w=650,h=657,q=100/41/4187a694c62e6b2a1c3270c360ca725946f9e750.jpeg)
သရုပ်ဆောင်မင်းသမီး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ သူမအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
အောက်ဆီဂျင်အတွက် အလှူငွေ (၁၁)သိန်းကို ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
![Photo Credit - Khine Hnin Wai's Fb Page](https://s9.kh1.co/__image/w=650,h=921,q=100/37/370efd298af56215d7093ca8a1514a24aececc1e.jpeg)
![Photo Credit - Soe Pyae Thazin's Fb Acc](https://s9.kh1.co/__image/w=650,h=433,q=100/bd/bd28d82d81d0648aa05526ef7df3df4e84c7f65f.jpeg)
"ဤကုသိုလ်ကောင်းမှုသည်မြန်မာပြည်သူပြည်သားများရောဂါကပ်ဆိုးဘေးမှလွတ်မြောက်စေသော အထောက်အပံ့ဖြစ်ရပါစေ…???" ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။
လိုအပ်နေတဲ့အချိန်မှာ Fan တွေနဲ့အတူ အများပြည်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ စိုးပြည့်သဇင်ရဲ့ ကောင်းမှုကုသိုလ်လေးတွေကတော့ တကယ်ကို သာဓုခေါ်စရာကောင်းလွန်းပါတယ်..။
![Photo Credit - Soe Pyae Thazin's Fb Acc](https://s9.kh1.co/__image/w=650,h=488,q=100/28/287c4aece1a27c45eb5bc35f773a2e4d08c734db.jpeg)
သတင်း အရင်းအမြစ်៖ Soe Pyae Thazin's Fb Acc