မျှော်နိုင်သမျှ သီချင်းပိုင်ရှင် အဆိုတော် ဖြိုးပြည့်စုံတစ်ယောက်ကတော့ မြန်မာအိုင်ဒေါမှာ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကို ဖိအားတွေ ပေးနေတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ တော်ရုံအေးအေးနေတတ်တဲ့ လူပျိုကြီး ဖြိုးပြည့်စုံတစ်ယောက် အခုလိုပြောလိုက်တဲ့အတွက် ပရိသတ်တွေက အံံ့သြနေကြတာလည်းဖြစ်ပါတယ် ။ဒီတစ်ပတ်မှာတော့ မြန်မာပြည်သိန်းတန် တစ်ယောက် ချမ်းမြေ့မောင်ချိုကို အနေခက်အောင်ပြုလုပ်ခဲ့တယ်လို့ လည်း ပရိသတ်တွေက သုံးသပ်နေကြတာပါ ။

“မောင်ချို ရဲ့ကြိုးစားအားထုတ်မှု ကို အကြီးကြီး လက်ခုပ်တီးပါတယ် ... Judge တစ်ဦးထဲက ဖိအားတွေ ပေးနေပေမဲ့ ဒီ ဖိအားကို ခွန်အား ဖြစ် အောင် အသုံးချပါ ညီမငယ်” ဆိုပြီး မနေ့ညက ရော့ခ်သီချင်းသီဆိုအပြီးဖြိုးပြည့်စုံတစ်ယောက်သူ့ရဲ့ဖေ့ဘုတ်ကနေ ရေးသားလိုက်တာဖြစ်ပါတယ်။မြန်မာပြည်သိန်းတန်ရဲ့ ထူးခြားနေတဲ့ သုံးသပ်မှုတွေကြောင့် မြန်မာအိုင်ဒေါဟာ ပွဲဆူလာနေပြီး တစ်ချို့ကလည်း သဘောမကျဖြစ်နေကြတာကို တွေ့ရပါတယ်။

မနေ့ညက မြန်မာပြည်သိန်းတန်ဟာ ချမ်းမြေ့မောင်ချိုကို ကသိကအောက် ဖြစ်စေတဲ့ မေးခွန်းမျိုး၊ အနေအထားမျိုးနဲ့ ပြောဆိုခဲ့တာကိုလည်း ပရိတ်သတ်တွေက ပေါက်ကွဲနေကြပါတယ်။လတ်တလောမှာ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကို အနုပညာရှင်တော်တော်များများက ဝန်းရံအားပေးနေကြတာ တွေ့ရပါတယ်။ဒီထဲမှာမှ စိုးမြတ်နန္ဒာ၊ ဇေရဲထက်၊ သားညီ၊ ကိုပေါက် စတဲ့ အနုပညာရှင်တွေကတော့ သူတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာတွေမှာ အတိအလင်းပြပြီး အားပေးနေကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဖြိုးပြည့်စုံပြောတာ ကို ထောက်ခံသင့်လား မသင့်လားဆိုတာ မှတ်ချက်မှာ ပြောပြပေးသွားကြပါနော်။

Source - phyo pyae sone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။