အကောင်ရေပေါင်း ၆ သန်းကျော်ရှိတဲ့ ဗျိုင်းမျိုးစိတ်

//s9.kh1.co/b0/b08bfd58091004d9caf481adfcac8830d7127705.jpg
MPT

 ၁၀-မေ-၂၀၂၄ ၁၀pm · လွန်ခဲ့သော ၁၀ ရက် က

အကောင်ရေပေါင်း ၆ သန်းကျော်ရှိတဲ့ ဗျိုင်းမျိုးစိတ်

Cattle egret သို့မဟုတ် မြန်မာအခေါ် ဗျိုင်း လို့ခေါ်တဲ့ Bubulcus ငှက်တွေကတော့ Ardeidae မျိုးရင်းက ဆင်းသက်လာတဲ့ ဗျိုင်းမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အပူပိုင်းဒေသ တော်တော်များများမှာ ကျယ်ပြန့်စွာ တွေ့နိုင်ပြီး ဇာတိကတော့ အာရှ နဲ့ အာဖရိက တို့ပဲ ဖြစ်ပါတယ်။ ရေစိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကြပြီး အသိုက်ကို စိုစွတ်နေရာဝန်းကျင်က သစ်ပင် ၊ ချုံပုတ်ပ‌လပ်ဖောင်းတွေမှာ လုပ်လေ့ ရှိပါတယ်။ အစုလိုက် အပြုံလိုက် နေလေ့ရှိတဲ့ ငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး ဒီ Cattle egret တွေရှိတဲ့ နေရာဟာ မျိုးပွားရာသီမှာ အဖြူရောင် အမွေးတို့နဲ့ ပြန့်နက်နေနေတဲ့ နယ်နိမိတ်လို ဖြစ်နေပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/27/27d22aacfe9e5356a8fbd9035d09942668cf72a2.jpg

အရွယ်ရောက်ပြီးတဲ့ ဗျိုင်းတွေရဲ့ ပျမ်းမျှအရွယ်အစားမှာ ၄၅ မှ ၅၆ စင်တီမီတာ ( ၁၈ မှ ၂၂ လက်မ ) ရှိပြီး ပျမ်းမျှကိုယ်‌အလေးချိန်မှာ ၂၇၀ မှ ၅၁၂ ဂရမ် ရှိကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင် အမွေးတို့နဲ့ ဖွဲ့စည်းထားပြီး နှုတ်သီးမှာ လိမ္မောနီရောင် ရှိပါတယ်။ ဒါ့အပြင် Cattle egret တွေရဲ့ ဦးခေါင်းထိပ်မှ အနောက်လည်ပင်းအထိမှာ လိမ္မော်ရောင် အမွေးရှည်တို့ ပါရှိပြီး ရင်ဘတ်တဝိုက်မှာလည်း အညိုရောင် အမွေးအချို့ပါကြပါတယ်။ Cattle egret တွေဟာ အဓိကအားဖြင့် ‌အင်းဆက်များ ၊ တွားသွားသတ္တဝါငယ်များ ၊ ကျောရိုးရှိ သတ္တဝါငယ်တို့ကို စားသုံးကြပြီး ကျွဲ ၊ နွား စတဲ့ နို့တိုက်သတ္တဝါကြီးတွေရဲ့ ကျောပေါ်မှာ တွေ့ရတတ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/fb/fb2281d8dcbd37f4457efdf2c1c45baa4014007f.jpg

သက်ရှိတို့ရဲ့ ဂေဟစနစ်ကို များစွာ အထောက်အကူ ပြုပေးတဲ့ Cattle egret တွေကို ယခင်က အင်္ဂလိပ်နာမည် buff-backed heron လို့ ခေါ်ကြပါတယ်။ ကျွဲ ၊ နွားတွေနဲ့အတူ ယှဉ်တွဲ နေထိုင်နိုင်ကြပြီး အပြန်အလှန် အကျိုးပြုတဲ့ ငှက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းက Cattle egret အကောင်ရေပေါင်း ၃.၈ မှ ၆.၇ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျယ်ပြန့်စွာ တွေ့ရနိုင်တဲ့ ‌ဒီဗျိုင်းတွေက IUCN Red list မှာ စိုးရိမ်မှု အနည်းဆုံး ငှက်မျိုးစိတ်တစ်မျိုး ဖြစ်လာပါတယ်။ ဒါကြောင့် ချစ်စရာကောင်းတဲ့ Cattle egret ငှက်မျိုးစိတ်ဟာ လူသားတွေနဲ့ တိရစ္ဆာန်တွေအတွက် ဆိုးကျိုးမပေးတဲ့ ငှက်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5e/5eac34cbbc9682d07c036317545d9e2010d7d67d.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T