လူနှစ်ယောက်အလေးချိန်ရှိတဲ့ ထူးထူးခြားခြားငါးမျိုးစိတ်

//s9.kh1.co/04/04d4496d990150c63d8d2c5bfbd3b19bb13bdf31.jpg
MPT

 ၁၀-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၁ ရက် က

လူနှစ်ယောက်အလေးချိန်ရှိတဲ့ ထူးထူးခြားခြားငါးမျိုးစိတ်

Gulf sturgeon ငါးတွေကတော့ Acipenser oxyrinchus မျိုးစိတ်က ဆင်းသက်လာပြီး သိပ္ပံအခေါ်ကတော့ Acipenser oxyrinchus desotoi လို့ ခေါ်ပါတယ်။ Sturgeon မျိုးစိတ်ခွဲ နှစ်မျိုးအနက်မှ တစ်မျိုးဖြစ်ပြီး ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းရှိ Suwannee မြစ်မှ မစ္စစ္စပီမြစ်အထိ ၊ မက္ကဆီကိုပင်လယ်ကွေ့ရဲ့ အလယ်ပိုင်း နဲ့ အရှေ့ပိုင်းရှိ ပင်လယ်ရေပြင်များတစ်လျှောက်မှာ တွေ့ရလေ့ ရှိပါတယ်။ ၁၉၅၅ ခုနှစ်မှာ ပညာရှင် ဗလာဒီကော့က ပထမဆုံးအကြိမ် တရားဝင်ဖော်ပြခဲ့ပြီး အပြင်ပိုင်းအားဖြင့် Gulf sturgeon တွေဟာ Atlantic sturgeon တွေနဲ့ တူညီကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/7e/7e0a8fdd5454c1fb445170657f826fd529bafbf6.jpg

ရုတ်တရက်ကြည့်မယ်ဆို ခွဲခြားရခက်နိုင်တဲ့ ဒီမျိုးစိတ်နှစ်ခုမှာ သိသာထင်ရှားတဲ့ ခြားနားချက်ကတော့ သူတို့ရဲ့ သရက်ရွက် အရှည်ပဲ ဖြစ်ပါတယ်။ Gulf sturgeon ရဲ့သရက်ရွက်ဟာ Atlantic sturgeon ရဲ့ သရက်ရွက်ထက် ပိုရှည်ကြပါတယ်။ အရွယ်‌ရောက်ပြီးတဲ့ Gulf sturgeon တွေဟာ ဆောင်းရာသီမှာ ရေထဲက ငါးငယ် ၊ ဖား ၊ ခရု ၊ ကျောရိုးမဲ့ရေနေသတ္တဝါတွေကို စားသုံးကြပြီး ကျန်တဲ့ ရာသီတွေမှာ အစာသိပ်မစားဘဲ ရှင်သန်နိုင်တဲ့ ထူးထူးခြားခြား ငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီငါးတွေရဲ့ ကိုယ်အလေးချိန် နဲ့ အရွယ်အစားဟာ ဆောင်းရာသီမှာ အကောင်အရွယ် အတော့်ကို ကြီးနေတတ်ပြီး နွေရာသီမှာတော့ အနည်းငယ် သေးငယ်သွားတာကို တွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/bb/bb5a3e62ac513a152701acdd071fd9412a8e4080.jpg

တစ်ကောင်ကို ပေါင် ၃၀၀ ဝန်းကျင် အလေးချိန်ရှိတဲ့ Gulf sturgeon တွေရဲ့ ပျမ်းမျှဘဝသက်တမ်းမှာ ၂၀ နှစ် မှ ၂၅ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ ထူးခြားပြီး ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် လူတွေရဲ့ပစ်မှတ် ဖြစ်ခဲ့ရတဲ့ ဒီငါးတွေဟာ စည်းကမ်းမဲ့ငါးဖမ်းမှု ၊ နေရာဒေသဆုံးရှုံးမှုတို့ကြောင့် ၁၉၉၁ ခုနှစ်မှာ UNESCO ရဲ့ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ငါးမျိုးစိတ်ဝင် တစ်မျိုး ဖြစ်လာပါတယ်။ မျိုးဆက်များ ပြန်လည်ပြန့်ပွားရေးလုပ်ငန်းတို့ကို စနစ်တကျ လုပ်ပေးလျက်ရှိပြီး လက်ရှိမှာတော့ Gulf sturgeon ငါးဖမ်းတာကို တရားမဝင်ကြောင်း ထုတ်ပြန်ထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/0c/0c24df882ee118cb43f1656ed548865e0acea179.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T