ခန္ဓာကိုယ်အရှည် ၉ ပေရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ငါးရှဉ့်မျိုးစိတ်

//s9.kh1.co/10/1086cdb4c8aeb0fb09829322e2ac0b41775f2a38.jpg
MPT

 ၁၀-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၁ ရက် က

ခန္ဓာကိုယ်အရှည် ၉ ပေရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ငါးရှဉ့်မျိုးစိတ်

European conger လို့ခေါ်တဲ့ ငါးရှဉ့်မျိုးစိတ်ကတော့ သိပ္ပံနာမည် Conger Conger လို့ခေါ်ပြီး ‌အကြီးဆုံး ငါးရှဉ့်မျိုးစိတ်အချို့ပါတဲ့ Conger မိသားစုမှ ဆင်းသက်လာပါတယ်။ ကမ္ဘာပေါ်က အကြီးဆုံး နဲ့ အလေးဆုံး ငါးရှဉ့်မျိုးစိတ် တစ်မျိုးဖြစ်ပြီး မြေထဲပင်လယ်ဒေသ အပါအဝင် အရှေ့မြောက်အတ္တလန္တိတ် ဒေသမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ ဒီငါးရှဉ့်တွေဟာ ခန္ဓာကိုယ် အရေပြားအရောင်မှာ မီးခိုးရောင် သို့မဟုတ် အနက်ရောင်ရှိပြီး အကြေးခွံတွေမပါဘဲ ချောမွတ်နေပါတယ်။ European conger တွေရဲ့ ခန္ဓာကိုယ်မှာ ရှည်ရှည်သွယ်သွယ် ပုံသဏ္ဍာန် ရှိပြီး ဝမ်းဗိုက်ပိုင်းမှာ အနည်းငယ် ဖြူကာ ခန္ဓာကိုယ် ဘေးဘက်တစ်ချပ်စီမှာ အဖြူရောင်အစင်းကြောင်းတို့ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f683b516850fb00f5a0a63a6505b7fe74ed6fc7.jpg

အရွယ်ရောက်ပြီးတဲ့ conger conger တစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၁.၅ မီတာ ( ၅ ပေ ) ရှိပြီး အကြီးဆုံး အလျား ၂.၁၃ မီတာ ( ၇ ပေ ) ဝန်းကျင်ထိ ရှည်ကြပါတယ်။ စံချိန်တင် အကြီးဆုံးတွေ့ခဲ့တဲ့ European conger တစ်ကောင်ရဲ့ အရှည်ကတော့ ၃ မီတာ ( ၉ ပေ ) ဝန်းကျင် ရှိခဲ့တာကြောင့် လူတစ်ရပ်ထက်ကို ရှည်ပြီး အတော်ကို ကြီးတဲ့ ငါးရှဉ့်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဦးခေါင်းမှာ ဘဲဥပုံ ပုံသဏ္ဍာန်ရှိပြီး ဒီ ငါးရှဉ့်တွေရဲ့ မျက်နှာဟာ စိတ်ဓာတ်ကျနေသလို မှိုင်မှိုင်ထွေထွေ မျက်နှာပေါက် ရှိကြပါတယ်။ ကျယ်ပြန့်တဲ့ ပါးစပ်ကျယ်ကျယ်တို့ ပါရှိပြီး ‌ဘေးဘက်မှာ အနံ့ခံအပေါက်တို့ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/8e/8efd5d0a00d353b3becbefe64a42aac817195550.jpg

European conger တွေဟာ moray ငါးရှဉ့်တွေနဲ့ ဆင်တူတဲ့ အလေ့အထအချို့ ရှိပြီး မကြာခဏ ဒီငါးရှဉ့်နှစ်မျိုးကို မှားတတ်ကြပါတယ်။ ကျောက်တုံး ၊ ကျောက်ဆောင် ၊ သန္တာကျောက်တန်းတို့မှာ ကွယ်ဝှက် နေထိုင်တတ်ကြပြီး ညအချိန်မှာ သားကောင်ကို အမဲလိုက်ဖို့ ချောင်းမြောင်းလေ့ ရှိပါတယ်။ အလင်းရောင် နဲ့ နေသားမကျတဲ့ European conger တွေဟာ နေ့ခင်းဘက်တွေမှာ အိပ်နေလေ့ရှိပြီး ငါးငယ် ၊ ပုစွန်ငယ် ၊ ကျောရိုးမဲ့ရေနေသတ္တဝါငယ် တို့ကို အဓိက စားသုံးကြပါတယ်။ ဆယ်စုနှစ်တစ်စု ကျော်လောက် ရှင်သန်နိုင်ကြတဲ့ ဒီငါးရှဉ့်တွေဟာ တစ်ခါမျိုးပွားရင် မျိုးဥပေါင်း သန်းများစွာ ပေါက်ဖွားနိုင်ကြပြီး မျိုးပွားပြီးနောက် သေဆုံးကြတဲ့ ရေနေသတ္တဝါမျိုးစိတ်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/91/913e32761673d5ce330b66dffa4924bd1ce2e769.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T