ဘိုလီးဗီးလား နဲ့ ပီရူးကြားက တောင်အမေရိကရဲ့ အကြီးဆုံးရေကန်ကြီး

//s9.kh1.co/7a/7ab2c82a8f0c8452736125fdf0e4dd0a39eca597.jpg
MPT

 ၁၀-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၁ ရက် က

ဘိုလီးဗီးလား နဲ့ ပီရူးကြားက တောင်အမေရိကရဲ့ အကြီးဆုံးရေကန်ကြီး

Titicaca ရေကန်ဟာ ဘိုလီးဗီးယား နဲ့ ပီရူးနိုင်ငံတို့ရဲ့ နယ်စပ်ဒေသမှာ တည်ရှိပြီး ပီရူးနယ်စပ်‌က Andes တောင်တန်းတွေ အပေါ်မှာ ရှိတဲ့ ရေချိုရေကန်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ တောင်အမေရိကရှိ အကြီးဆုံးရေကန်ကြီး ဖြစ်ပြီး စုစုပေါင်း မျက်နှာပြင်ဧရိယာမှာ ၈၃၇၂ ကီလိုမီတာ ( ၃၂၃၂ စတုရန်းမိုင် ) ကျယ်ဝန်းပါတယ်။ ပင်‌လယ်ရေမျက်နှာပြင်အထက် အမြင့်မီတာ ၃၈၁၂ မီတာ ( ၁၂၅၀၇ ပေ ) မှာ တည်ရှိတဲ့ Titicaca ရေကန်ဟာ ကမ္ဘာပေါ်က သွားလာဖို့ အမြင့်ဆုံးရေကန် တစ်ကန်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/af/af33bc67bc139eef4636dc18e913b6d8dc6998cc.jpg

ပျမ်းမျှအနက်ပေ ၂၈၁ မီတာ ( ၉၂၂ ပေ ) နက်တဲ့ ဒီရေကန်ဟာ သေးငယ်သော စမ်းချောင်း ၂၀ ‌ကျော်ရဲ့ စီးဝင်ရာ ဖြစ်ပြီး ကန်ပတ်ပတ်လည်မှာ ကျွန်းပေါင်း ၄၁ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ မြို့ကြီး ဖြစ်နေပါတယ်။ Titicaca ကန်ရဲ့ အအေးဓာတ် နဲ့ လေတိုက်နှုန်းတွေကြောင့် ပျမ်းမျှမျက်နှာပြင် အပူချိန်မှာ ၁၀ မှ ၁၄ဒီဂရီစင်တီဂရိတ် ( 50 မှ 57°F ) ရှိပြီး ဆောင်းရာသီတွေမှာတော့ ပိုအေးတတ်ပါတယ်။ ရေငှက်ပေါင်းများစွာရဲ့ သာယာတဲ့ စားကျက်မြေနေရာ တစ်ခုဖြစ်တဲ့ Titicaca ရေကန်မှာ ရှေးယခင်က ရေနေမျိုးစိတ်ပေါင်း ၅၃၀ ကျော်နေထိုင်ခဲ့ကြပါတယ်။ ဒါအပြင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့တဲ့ ရှေးအကျဆုံး ရေကန်တစ်ကန်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/2e/2eb462f72c5829c99710a1e5260645bac64adc1d.jpg

လူသိနည်းတဲ့ Titicaca ရေကန်ရဲ့ နောက်ထပ်ထူးခြားချက် တစ်ချက်ကတော့ ဒီရေကန်ဟာ ‌၁၅ရာစု နဲ့ ၁၆ရာစုကြားမှာ ဒဏ္ဍာရီလာနေရာတစ်ခုအဖြစ် ထင်ရှား လူသိများခဲ့ပါတယ်။ ဒါကြောင့် အိုင်ထဲကို ယစ်ပူဇော်မှုများလည်း ရှိခဲ့ပြီး ယခု ရေကန်ကို ပြန်လည်တူးဖော်ကြည့်တဲ့အခါ ရှေးဟောင်းပစ္စည်းများစွာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ရေကန်ပတ်ပတ်လည်မှာ အလိုအလျောက်ဖြစ်ပေါ်နေတဲ့ ကျွန်းများ ၊ လူလုပ်ကျွန်းများနဲ့ လူနေထူထပ်နေပြီး အတော်ကို သာယာတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတာကြောင့် နိုင်ငံရပ်ခြား ခရီးသွား‌တွေရဲ့ ပစ်မှတ်လေး ဖြစ်လာခဲ့ပါတယ်။ ကျွန်းပေါင်းများစွာနဲ့ စည်ကားစွာ ရှိနေတဲ့ Titicaca lake ဟာ ထူးထူးခြားခြား ရေကန်မဟုတ်တဲ့ ရေကန်တစ်ခုပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/0b/0ba9554fa6f5678134ea1d1b090a3c450ce7948c.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T