F1 Miami Grand Prix မှာတွေ့ခဲ့ရတဲ့ BlackPink Lisa

//s9.kh1.co/06/06913febfb09a709aa8cc08cad098360e554b100.jpg
MPT Korea Celebrity

 ၀၇-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၃ ရက် က

F1 Miami Grand Prix မှာတွေ့ခဲ့ရတဲ့ BlackPink Lisa

Lisa ဟာမကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ပြတိုက်တစ်ခုကိုသွားလည်ပတ်ခဲ့တဲ့အပြင် ပွဲတစ်ခုကိုပါတက်ရောက်ခဲ့ပါတယ်။ ကောလဟာလထွက်ဖူးတဲ့အမျိုးသားနှင့်အတူတွေ့ခဲ့ရတဲ့အပြင် နှစ်ယောက်သားဟာ ပွဲမှာလည်းအတူတက်လာကြောင့် ပရိတ်သတ်တွေအံ့ဩခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/eb/eb20ced1372cc9e185e61ab2a54e151daf9b44dc.jpg

ဒါ့အပြင် လီဆာဟာပရိတ်သတ်တွေပိုအံ့ဩသွားစေဖို့ မိုင်ယာမီမှာကျင်းပတဲ့ F1 ကားပြိုင်ပွဲကိုတောင်မှ သွားကြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြိုင်ကားတွေနှင့်ပတ်သက်ပြီးစိတ်ဝင်စားကြောင်း တစ်ခါမှ မပြောဖူးတာကြောင့် ပရိတ်သတ်တွေက သူ့ကိုဒီပြိုင်ပွဲမှာတွေ့ရတာကို အံ့ဩခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=976,q=100/89/89884eaeae0bb1ba8e5c6aca15e58ef72fdd0e02.webp

လီဆာဟာပြိုင်ပွဲကိုလာကြည့်ရုံမဟုတ်ဘဲ ပြိုင်ပွဲအတွင်းမှာ အလံကိုင်တစ်ယောက်အဖြစ်လည်းပါဝင်ခဲ့ပါသေးတယ်။ ဒီအလံကိုင်နေရာဟာ အရင်က ဒေးဗစ်ဘက်ခမ်း Justin Biber တို့လိုမျိုးအနုပညာရှင်တွေ ပါဝင်အားဖြည့်ခဲ့တဲ့နေရာဖြစ်ပါတယ်။ လီဆာကတော့ တစ်ကိုယ်တော်တည်ထောင်ထားတဲ့ကုမ္မဏီနှင့်အတူတူ ပရိတ်သတ်တွေမထင်ထားတဲ့လှုပ်ရှားမှုတွေ အလုပ်တွေကိုတစ်ခုချင်းစီချပြနေတာပဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T