Jisoo အတွက် ကော်ဖီကားပို့ပေးခဲ့တဲ့ မင်းသားဂျောင်ဟေးအင်

//s9.kh1.co/7d/7d7b15f39242d6f9d3be9cdfca3d124c22cb3c3e.jpg
MPT Korea Celebrity

 ၀၇-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

Jisoo အတွက် ကော်ဖီကားပို့ပေးခဲ့တဲ့ မင်းသားဂျောင်ဟေးအင်

မင်းသားဂျောင်ဟေးအင်နှင့် ဂျီဆိုးတို့ဟာ ဂျီဆိုးရဲ့ပွဲဦးထွက်ဒရာမာဖြစ်တဲ့ Snowdrop မှာခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်ပါဝင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ နှစ်ယောက်သားဟာ ဒရာမာအတွင်းမှာ လိုက်ဖက်ညီလွန်းတဲ့ ပုံရိပ်တွေကိုပြသခဲ့ကြတဲ့အပြင် ပြင်ပဘဝမှာပါ တစ်ယောက်နှင့်တစ်ယောက်ရင်းရင်းနှီးနှီးနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/0b/0b12f044f045d9a22f446a0908fe69c3649dfc24.webp

ဇာတ်ကားရိုက်ကူးပြီးသွားတဲ့အချိန်မှာ ဂျီဆိုးရဲ့ဖျော်ဖြေပွဲကို ဟေးအင်ကိုယ်တိုင်လာရောက်အားပေးခဲ့တဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ အချင်းချင်းအမြဲတမ်းအဆက်အဆံရှိနေတာပါ။ မကြာသေးခင်က ဂျီဆိုးရဲ့ဒိတ်တင်းသတင်းနှင့်ပတ်သက်ပြီးတော့တောင် ပျော်ရွှင်ကြဖို့ဟေးအင်ကိုယ်တိုင်က အင်တာဗျုးတစ်ခုမှာ ဆုတောင်းပေးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=636,q=100/66/6660fa8653e10ba185bc9a3d69fe5fc0a4dcade2.webp

ဂျီဆိုးလည်း ချစ်သူဖြစ်သူ အန်ဘိုဟျွန်းနှင့် လမ်းခွဲလိုက်ပြီးနောက် အခုချိန်မှာတော့ တစ်ကိုယ်တော်ပြန်ဖြစ်နေတာပါ။ ဟေးအင်က ဂျီဆိုးလက်ရှိရိုက်ကူးနေတဲ့ Influenza ဆိုတဲ့ဒရာမာရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့ပြီး ကျန်းမာရေးဂရုစိုက်ဖို့နှင့် သူအားပေးနေကြောင်းစာလေးပါပို့ပေးထားတာဖြစ်ပါတယ်။ ဒီပုံတွေကို ဂျီဆိုးကလည်းသူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့်ပြန်တင်ပြီး ကျေးဇူးတင်ကြောင်းပြပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1162,q=100/11/114cf92c557da013350dd60c47e13aefd50a0738.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T