သိပ္ပံနာမည် Iris oratoria လို့ခေါ်တဲ့ အင်းဆက်မျိုးစိတ်လေးကတော့ Iris genus က ဆင်းသက်လာပြီး မြေထဲပင်လယ် mantis သို့မဟုတ် iris mantis လို့လည်း ခေါ်ကြပါတယ်။ မြေထဲပင်လယ်ဒေသ တစ်ဝိုက်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ကြတာကြောင့် မြေထဲပင်လယ်နှံကောင် လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ Iris oratoria တွေကို အာရှတိုက်ရဲ့ အရှေ့အလယ်ပိုင်း ၊ အနောက်ပိုင်း နဲ့ အမေရိကန်တို့မှာ ကျယ်ပြန့်စွာ တွေ့ရလေ့ ရှိပါတယ်။ ထူးခြားတဲ့ အရွက်ပုံ အစိမ်းရောင် ခန္ဓာကိုယ်ကြောင့် ပုံမှန်အားဖြင့် တွေ့ရ ခဲယဉ်းတဲ့ Iris oratoria တွေဟာ အခြားအင်းဆက်တွေနဲ့ မတူတဲ့ အချက်တစ်ချက်ကြောင့် လူသိများလာခဲ့ပါတယ်။
အဲ့တာကတော့ ဒီအင်းဆက်တွေဟာ ရှည်ပြီး သွယ်လျတဲ့ ကိုယ်ထည် ပါရှိပြီး ထူးထူးခြားခြား အတောင်ပံဟာ လိပ်ပြာအတောင်ပံကဲ့သို့ အရောင်အသွေး စုံလင်တာပဲ ဖြစ်ပါတယ်။ သစ်ပင် ၊ သစ်ကိုင်း ၊ အရွက်အပွင့်တွေမှာ နေထိုင်လေ့ ရှိတဲ့ Iris oratoria တွေဟာ သူတို့ပျံသန်းတဲ့အခါမှသာ ပေါ်ထွက်လာတဲ့ အရောင်အသွေးစုံတဲ့ အတောင်ပံတစ်စုံကို ပိုင်ဆိုင်ထားကြပါတယ်။ အရွယ်မရောက်သေးတဲ့ Iris oratoria တွေမှာ အညိုရောင် ၊ မီခိုးရောင် ၊ အစိမ်းနုရောင် စတဲ့ အရောင်နုနုတွေ ရှိတတ်ပြီး အရွယ်ရောက်ပြီးတဲ့ Iris oratoria တွေကတော့ မြက်စိမ်းရောင် ရှိကြပါတယ်။ ဦးခေါင်းထိပ် မှ အမြီးထိအရှည် ၂.၆ လက်မ ( ၆.၅ စင်တီမီတာ ) ရှိတဲ့ အလယ်အလတ်တန်းစား mantis တစ်မျိုးပဲ ဖြစ်ပါတယ်။
ပျမ်းမျှဘဝသက်တမ်းမှာ ၂ လ မှ ၆ လဝန်းကျင်အထိ ဖြစ်ပြီး အထီး ထက် အမတွေက အကောင်အရွယ်အစား ပိုသေးတဲ့ အင်းဆက်မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ အပင်စား သတ္တဝါ တစ်မျိုးဖြစ်ပြီး အရွက် ၊ အကိုင်း ၊ အပွင့် တို့ကို အဓိက စားသုံးကာ အင်းဆက်ပိုးမွှားငယ် တွေနဲ့ မြေပြင်က တွားသွားသတ္တဝါငယ်တို့ကိုလည်း စားသုံးကြပါတယ်။ ထူးခြားတဲ့ လိပ်ပြာတောင်ပံ လို အရောင်အသွေးစုံတဲ့ အတောင်ပံတစ်စုံကို ပိုင်ဆိုင်ထားတဲ့ Iris oratoria တွေဟာ အင်းဆက်လေ့လာသူ နဲ့ မွေးမြူသူတွေအကြား နာမည်ကြီးလာခဲ့ပါတယ်။ ဖမ်းဆီးမွေးမြူမှု အများအပြားရှိပြီး လက်ရှိမှာတော့ မျိုးသုန်းမဲ့ အန္တာရာယ် မရှိသေးဘဲ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ အင်းဆက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။