အိန္ဒိယနိုင်ငံရှိ ဒုတိယအကြီးဆုံး ကြံ့မျိုးစိတ်

//s9.kh1.co/3d/3d2fd7441b6efdfce69a8821554cfaf55cef6d7a.jpg
MPT

 ၂၇-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

အိန္ဒိယနိုင်ငံရှိ ဒုတိယအကြီးဆုံး ကြံ့မျိုးစိတ်

ကြံ့်မျိုးစိတ်များတွင် ဒုတယအကြီးဆုံးကြံ့များကို အိန္ဒိယတိုက်ငယ်တွင် တွေ့ရှိရပြီး အိန္ဒိယကြံ့များ လို့ခေါ်ပါတယ်။ ချိုတစ်ချောင်းပဲ ပါရှိပြီး အရွယ်ရောက်ပြီး ကြံ့ထီးတစ်ကောင်သည် အလေးချိန် 2.2 တန် နဲ့ ကြံ့မတစ်ကောင်သည် အလေးချိန် 1.6 တန် ရှိပါတယ်။ သံချပ်ကာ ကဲ့သို့ မာကျောသော ‌အညိုရင့်‌ရောင်အရေပြား ရှိပြီး ကိုယ်ခန္ဓာအပေါ်ပိုင်းနဲ့ ပုခုံးများကို ကြွက်နို့ကဲ့သို့ အဖုအထစ်လေး များနဲ့ ဖုံးအုပ်ထားပါတယ်။ အမွှေးအမျှင် သိပ်မရှိသော Indian Rhinoceros များသည် 57.2 စင်တီမီတာ ( ၂၂.၅ လက်မ ) ထိ ကြီးကြပြီး အများအားဖြင့် သီးသန့်နေလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/11/110efa28757da95ebb26bb76894016722198e49f.jpg

မြက်ပင်များကို အဓိက စားကြပြီး သစ်ရွက်များ ၊ ပန်းပွင့်များ ၊ အကိုင်းအခတ်များ ၊ အသီးအနှံ များကိုစားသုံးကြပါတယ်။ ၄၇ နှစ်ထိ ရှင်သန်နိုင်တယ်လို့ ဖမ်းဆီးထိန်းသိမ်းသူများက ဆိုပါတယ်။ မာကျောသော အရေပြားခေါက်များသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ၂၀၂၂ ခုနှစ်တွင် အိန္ဒိယကြံ့ အကောင်ရေ စုစုပေါင်း 4014 ကောင်သည် လို့ ခန့်မှန်းရပါတယ်။ မနက်စောစောပိုင်း ၊ မွန်းလွဲပိုင်း နဲ့ ညအချိန်များတွင် အစာရှာလျှောက်သွားတတ်ကြပြီး နေအပူချိန် ပူပြင်းသောအချိန်များတွင် အိပ်စက်အနားယူကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cc/cc44eb75ca8cda72ca53f3d58feefdddcef8611f.jpg

ကြံ့မများသည် ကိုယ်ဝန်ဆောင်ချိန်ကာလ 15 လဝန်းကျင်ရှိပြီး ကြံ့သားပေါက်ငယ်များသည် ကျားများ ၊ တောရိုင်းသတ္တဝါကြီးများကြောင့် အရွယ်မတိုင်ခင် သေဆုံးခဲ့ကြရပါတယ်။ Anthrax ရောဂါ ၊ သွေးဆိပ်တက်ရောဂါ များရှိကြပြီး ကူးစက်နိုင်တာ‌ကြောင့် ရှောင်ရှားသင့်တဲ့ တိရစ္ဆာန်တစ်မျိုးပဲ ဖြစ်ပါတယ်။ လူတို့ရဲ့ဖမ်းယူရောင်းစားမှုများ ၊ ရာသီဥတုဖောက်ပြန်မှူများ ၊ ရေလွှမ်းမိုးမှုများကြောင့် အိန္ဒိယကြံ့များ သေဆုံးနှုန်း တိုးမြင့်လာကာ လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T