ဦးခေါင်းမှာ မီးလုံးပုံစံပါနေတဲ့ Deep Sea Fish တွေကတကယ်ပဲ အလင်းရောင်ထုတ်လွှတ်နိုင်ကြတာလား?

//s9.kh1.co/4d/4d7f7473357d774c2bbf764244d5964831bcdf03.jpg
MPT

 ၂၇-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ဦးခေါင်းမှာ မီးလုံးပုံစံပါနေတဲ့ Deep Sea Fish တွေကတကယ်ပဲ အလင်းရောင်ထုတ်လွှတ်နိုင်ကြတာလား?

မီးပုံးငါးလို့ခေါ်ကြတဲ့ ဒီငါးကြီးတွေဟာ နာမည်အတိုင်းပဲ ခေါင်းမှာမီးလုံးပုံစံပါရှိကြပါတယ်။ ယင်းငါးတွေဟာ နေရောင်ခြည်မထိုးဖောက်နိုင်တဲ့ သမုဒ္ဒရာကြမ်းပြင်ရဲ့ အနက်ဆုံးပေ ၁၉၀၀၀ ကျော်လောက်မှာသာ နေထိုင်ကျက်စားကြပါတယ်။ အလင်းရောင်မရှိတာကြောင့် အစာရှာရာမှာ အဆင်မပြေနိုင်တဲ့ မီးပုံးငါးတွေဟာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားကြရပါတော့တယ်။ သူတို့တွေဟာ မျက်လုံးမမြင်နိုင်ကြပါဘူး။

https://s9.kh1.co/__image/w=650,h=342,q=100/c1/c1f838d95f0b1f79b54101361e374f0be35aa697.jpg

ဒါပေမယ့် သာမန်မျက်လုံးထက် အဆ ၁၀၀ ပိုမိုအာရုံခံနိုင်တဲ့ မီးလုံးပုံစံ ပရိုတင်းဓါတ်ပါဝင်တဲ့ အတံရှည်တွေကြောင့် သားကောင်ကို လျင်မြန်စွာပိုမိုဖမ်းဆီးနိုင်ကြပါတယ်။ ဒါကြောင့် သူတို့ကို မီးပုံးငါးလို့ခေါ်ကြတာဖြစ်ပြီး ယင်းငါးကြီးတွေဟာ ပုံပန်းအသွင်အပြင်အရလည်း အင်မတန်ကြောက်စရာကောင်းပြီး အော်ဂလီဆန်စရာ အရေအပြားအရောင်တွေနဲ့ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f4/f438fbd02d98ad835b5315de0b2209841b458047.jpg

ပင်လယ်ကြမ်းပြင်အောက်မှာ ရောနှောပြီး ပုန်းကွယ်နေတတ်တဲ့ ရှက်တတ်တဲ့ ငါးကြီးတွေပါပဲ။ မွေးဖွားစမှာတော့ ပင်လယ်ရေတိမ်ပိုင်းမှာပဲ ပေါက်ဖွားကြတာဖြစ်ပြီး အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရေအောက်ကို နစ်မြှုပ်သွားကြတာဖြစ်ပါတယ်။ သက်တမ်းရင့်သတ္တဝါမျိုးစိတ်တွေထဲမှာလည်း အပါအဝင်ဖြစ်ပြီး ယနေ့ခေတ်မှာ တွေ့နိုင်ဖို့ရာ အင်မတန်ခက်ခဲနေပြီဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T