New York နဲ့ Canada ကြားက ကမ္ဘာ့အကြီးဆုံးရေတံခွန်

//s9.kh1.co/88/881b44ac0d06793fa48b1ed5909b94ed8a93a171.jpg
MPT

 ၂၃-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

New York နဲ့ Canada ကြားက ကမ္ဘာ့အကြီးဆုံးရေတံခွန်

ပျမ်းမျှအမြင့် 51 မီတာ ( ၁၆၇ ပေ ) မြင့်တဲ့ နိုင်အာဂရာရေတံခွန်သည် အမေရိကန်နိုင်ငံ New York နှင့် ကနေဒါနိုင်ငံအလယ်ပိုင်းရှိ Ontario ပြည်နယ် နှစ်ခုကြားတွင် တည်ရှိပြီး Bridal Veil Falls ၊ American Falls နဲ့ Horseshoe Falls စတဲ့ရေတံခွန်သုံးခုပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခြားမြင့်မားသော ရေတံခွန်များနဲ့ မတူပဲ စီးဆင်းတဲ့ရေပမာဏ များပြားလှပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်ထဲက ရှိခဲ့တဲ့ တောင်စောင်းမှ ရေများစီးဆင်းကာ ရေတံခွန်ဖြစ်လာတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b1/b17fb19e65725857036b07d31eee35480310320f.jpg

ရေတံခွန်၏အစွန်းများသည် တစ်ဖက်ကို ပေ 2500 လောက်မြင့်ကြပါတယ်။ American falls မှာ 180 ပေမြင့်ပြီး 1100 ပေ ရှည်ပါတယ်။ Horseshoe Falls မှာ 670 မီတာ ( ၂၂၀၀ ပေ ) ကျယ်ပြီး Bridal Veil Falls မှာ 15 မီတာ ( ပေ ၅၀ ) ခန့်ရှိပါတယ်။ ရေတံခွန်သုံးခုစုပြီးဖြစ်ပေါ်လာတဲ့ နိုင်အာဂရာရေတံခွန်တွင် အကြီးဆုံးမှာ Horseshoe Falls ပဲဖြစ်ပါတယ်။ Niagara falls အောက်ရှိ မြစ်သည် ပျမ်းမျှ 170 ပေနက်ပြီး ရေတံခွန်မှ မြစ်ထဲသို့ ကျသွားပါက ရှင်သန်ဖို့ အခွင့်အလမ်းမရှိနိုင်ပါ။

https://s9.kh1.co/__image/w=650,h=342,q=100/28/288b1c844cabfab64d1c63a8573c5abbea81f98e.jpg

ရေအားလျှပ်စစ် အလုံအလောက်ထုတ်ပေးပြီး ပြည်နယ်အတွက် များစွာအထောက်အကူပြုတဲ့အပြင် ရင်သပ်ရှုမောဖွယ်ကောင်းသော ‌ရှုခင်းအလှတရားများကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့လို့ နိုင်ငံခြားဝင်ငွေလည်း အမြောက်အများရရှိခဲ့ပါတယ်။ ကြည်လင်တဲ့ရေ ၊ များပြားလှတဲ့ရေပမာဏ ၊ အေးချမ်းတဲ့ ရာသီဥတု ၊ ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် သွားကိုသွားသင့်တဲ့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်ထဲက တစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/a7/a70f503f332e91a9268be7ef7f817608d1e4d988.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T