အရောင်လှပေမဲ့ သွားမစသင့်တဲ့ အပြာရောင်ခွဲစိတ်ဆရာဝန်ငါး

//s9.kh1.co/a4/a4ae2ac6c51fee79a2d32ee4638175aa4091da68.jpg
MPT

 ၂၂-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

အရောင်လှပေမဲ့ သွားမစသင့်တဲ့ အပြာရောင်ခွဲစိတ်ဆရာဝန်ငါး

Blue Tang ငါးများသည် အင်ဒို-ပစိဖိတ်ဒေသတခွင် ၊ ဖီလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ဂျပန် ၊ ဩစတေးလျနိုင်ငံရှိ Great Barrier Reef လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကမ်းရိုးတန်း ၊ နယူးကယ်လီဒိုးနီးယား ၊ ဆာမိုအာ ၊ အရှေ့အာဖရိက နဲ့ သီရိလင်္ကာနိုင်ငံတို့ရှိ သန္တာကျောက်တန်းများရှိသော အပူပိုင်းပင်လယ်ပြင်တို့တွင် တွေ့နိုင်ပြီး Indo-Pacific surgeonfish မျိုးစိတ်ဝင် အရောင်တောက်တောက်ရှိသော ငါးတစ်မျိုးဖြစ်ပြီး Paracanthurus မျိုးစုရဲ့ တစ်ခုတည်း‌သောကျန်တဲ့ မျိုးစိတ်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/04/04ed14808bb8096219248cc32d88c49b567071f9.jpg

အပြာရောင်တောက်တောက် ၊ အဝါရောင်အမြီး ၊ အနက်ရောင် " palette " ဒီဇိုင်းတို့ရှိပြီး ခန္ဓာကိုယ်အောက်ဝမ်းဗိုက်ပိုင်းသည် အိန္ဒိယသမုဒ္ဒရာအနောက်အလယ်ပိုင်းတွင် အဝါရောင်ရှိတတ်ပါတယ်။ ပန်ကိတ်ချပ်လေးကဲ့သို့ အပြားလိုက်စက်ဝိုင်းပုံစံခန္ဓာကိုယ် ၊ နှာခေါင်းချွန်ချွန် နဲ့ အကြေးခွံလေးများပါရှိပြီး ၃၀စင်တီမီတာ ( ၁၂လက်မ ) အထိ အရွယ်အစားရှိကြပါတယ်။ အရွယ်ရောက်ပြီး အပြာရောင်ခွဲစိတ်ဆရာဝန်ငါးသည် ပုံမှန်ကိုယ်အလေးချိန် ၆၀၀ ဂရမ် ( ၂၁ အောင်စ ) ဝန်းကျင်ရှိပြီး ငါးထီးများက ငါးအမများထက် အရွယ်အစားပိုကြီးကြပါတယ်။ အကောင်ရေ ၈ ကောင်မှ ၁၄ ကောင်ထိ အတွဲလိုက်အုပ်စုဖွဲ့နေလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် အလှမွေးငါးများအဖြစ် အသုံးအများဆုံး နဲ့ လူကြိုက်များသော ငါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fe/fee55f1fa4f7f67a53a863ac37bc37fe7dad2cdf.jpg

၉လမှ ၁၂လ အတွင်း အရွယ်ရောက်ကြပြီး plankton ၊ ရေညှိများကိုအဓိကစားသုံးပြီး ဒါဟာ သန္တာကျောက်တန်းများအတွက် များအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။ တောက်ပတဲ့အရောင် နဲ့ ချစ်စရာပုံသဏ္ဍာန်လေးကြောင့် Blue Tang ငါးများဟာ စီးပွားဖြစ်အ‌သေးစားငါးဖမ်းလုပ်ငန်းများရဲ့ပစ်မှတ် ၊ ငါးကြီးများရဲ့ အစာ ဖြစ်လာပါတော့တယ်။ ထိုငါးများသည် သန္တာကျောက်တန်းများတွင် ကပ်ရှိနေသော ရေညှိများကို အဓိက စားကြသောကြောင့် ciguatera လို့ခေါ်တဲ့ အဆိပ်တစ်မျိုးရှိပြီး လူတို့စားသုံးပါက အဆိပ်သင့်စေနိုင်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T